၆. ၁၂. ၂၀၂၅
Written by MMAK
◾ အက်စတွန်ဗီလာ Vs အာဆင်နယ်
အက်စတွန်ဗီလာက နောက်ဆုံးခြောက်ပွဲဆက် အနိုင်ရထားပြီး တိုက်စစ်မှူးဝက့်ကင့်ပါ သွင်းဂိုးတွေ ရယူလာနိုင်တာကို တွေ့ရပါတယ်။ အာဆင်နယ်အသင်းရဲ့ ခြေစွမ်းကတော့ အပြစ်ပြောစရာ မရှိလောက်အောင် ကောင်းနေပေမဲ့ နောက်တန်းကစားသမားတွေဖြစ်တဲ့ ဆာလီဘာ၊ ဂါဘရီရယ်နဲ့ မော့ဆကွီရာတို့ ဒဏ်ရာပြဿနာရှိနေတာကိုတွေ့ရပြီး အထိုင်ပျက်သွားမလားဆိုတာတော့ စောင့်ကြည့်ရမဲ့ အနေအထားပါ။ ဒီပွဲစဥ်မှာ အာဆင်နယ်အသင်းက ဘော်ဒီကြေး တစ်လုံးကိုးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးခြောက်ဆယ်အရှုံး ပေါက်ပါတယ်။ အာဆင်နယ်အသင်းရဲ့ အဝေးကွင်းနောက်ဆုံးနှစ်ပွဲမှာ ဆန်းဒါးလန်းနဲ့ချဲလ်ဆီးကို သရေကျခဲ့ပြီး ခံစစ်ကလည်း သွင်းဂိုးတွေခွင့်ပြုထားခဲ့ရပါတယ်။ ဒီဇင်ဘာပွဲကြပ်ကာလမှာ အရမ်းကောင်းနေတဲ့ အာဆင်နယ်အသင်း အမှတ်လျော့မယ်ဆိုရင် ဒီပွဲကို ရွေးရမှာပါ။ အဓိကနောက်ခံလူတွေ မပါနိုင်တဲ့အချက်ကလည်း အိမ်ရှင်ဗီလာ ဂိုးရနိုင်တဲ့အချက် ဖြစ်နေပါတယ်။ ခံစစ်ကောင်းတဲ့အသင်းတွေ ဖြစ်တာကြောင့် ဂိုးရတဲ့အသင်းက ခံစစ်ပိတ်ကစားလာနိုင်တဲ့ ဒီပွဲမှာ အပြန်အလှန်ဂိုးတွေ အများကြီးမြင်ရမယ် မထင်ပါဘူး။ အိမ်ရှင်ဗီလာအသင်း ဂိုးရနိုင်တယ်လို့ ယူဆထားသလို တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးမယ် ထင်တာကြောင့် ဗီလာအသင်းကို ရွေးချယ်ပေးချင်ပါတယ်။
◾မန်စီးတီး Vs ဆန်းဒါးလန်း
တန်းတက်ဆန်းဒါးလန်းက အိမ်ကွင်းရှုံးပွဲမရှိသေးပေမဲ့ အဝေးကွင်းအနည်းငယ် ညံ့ပါတယ်။ အဝေးကွင်း ခုနစ်ပွဲကစားပြီးချိန်မှာ တိုက်စစ်က လေးဂိုးသာ သွင်းထားနိုင်ပေမဲ့ ခံစစ်ကတော့ တစ်ပွဲကိုတစ်ဂိုးနှုန်းနဲ့ ခုနစ်ဂိုးသာ ပေးထားရပါတယ်။ မန်စီးတီးအသင်းရဲ့ နောက်ဆုံးနှစ်ပွဲလုံး ဂိုးပေါ်ခဲ့ပြီး အပြန်အလှန်ဂိုးက ၁၄ ဂိုးတောင် ရှိထားပါတယ်။ ဒီပွဲစဥ်မှာ မန်စီးတီးအသင်းက ဘော်ဒီကြေး နှစ်လုံးရှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံး ပေါက်ပါတယ်။ ဒီပေါက်ကြေးက ဆန်းဒါးလန်းအသင်း ဂိုးရဖို့ခက်ခဲနိုင်သလို တစ်ဂိုးထပ်ပိုပြီးလည်း ရဖို့မလွယ်ပါဘူး။ မန်းစီးတီးတိုက်စစ်နဲ့ ဆန်းဒါးလန်းခံစစ်တို့ အားပြိုင်ကြမဲ့ပွဲဖြစ်ပြီး ဆန်းဒါလန်းအသင်းအနေနဲ့ မန်စီးတီးကွင်းမှာ သရေတစ်မှတ်ကိုပဲ ဦးတည်ကစားလာနိုင်ပါတယ်။ မန်စီးတီးအသင်း ကပ်နိုင်ရင်နိုင်မနိုင်ရင် ဂိုးမရှိသရေတောင် ဖြစ်သွားနိုင်ပြီး ပထမပိုင်းမှာ သွင်းဂိုးရဖို့တောင် ခက်ခဲနိုင်ပါတယ်။ ဒီပေါက်ကြေးအရ အပေါ်စုံအောင်ဖို့ မဖြစ်နိုင်ဘဲ အောက်ကြေးတစ်ခုတော့ ပြန်စားနိုင်သလို အောက်စုံစားဖို့တောင် ဖြစ်သွားနိုင်ပါတယ်။ ဒီအတွက်ကြောင့် ဂိုးအောက်ကို ရွေးချယ်ပေးချင်ပြီး ဆန်းဒါးလန်းဘော်ဒီကို အနည်းငယ် ရံကစားစေချင်ပါတယ်။






◾ဘုန်းမောက် Vs ချဲလ်ဆီး
ဘုန်းမောက်အသင်းက နောက်ဆုံးငါးပွဲဆက် နိုင်ပွဲပျောက်ထားပြီး တစ်ပွဲသရေကျကာ လေးပွဲတောင် ရှုံးထားခဲ့ပါတယ်။ အဓိကအားဖြင့် ခံစစ်ပိုင်းက ပေးဂိုးတွေများနေပြီး နောက်ဆုံးငါးပွဲမှာ ၁၃ ဂိုးတောင် ပေးထားရတာကြောင့် တစ်ပွဲကို နှစ်ဂိုးနှုန်းလောက် ပေးထားရပါတယ်။ ချဲလ်ဆီးကလည်း နောက်ဆုံးပွဲမှာ တန်းတက်လိဒ်ကို ဂိုးပြတ်ရှုံးခဲ့ပြီး နိုင်ပွဲလိုအပ်နေတဲ့ အသင်းဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ ချဲလ်ဆီးအသင်းက ဘော်ဒီကြေး ပြားငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စား ပေါက်ပါတယ်။ ဒီပွဲစဥ်မှာ နှစ်သင်းလုံးက အနိုင်ရလဒ်ကို ဦးတည်ကစားလာနိုင်ပြီး တစ်သင်းသင်း ဂိုးရတာနဲ့ အပြန်အလှန်တိုက်စစ်ဖွင့်ကစားမဲ့ အသင်းတွေဖြစ်ပါတယ်။ တစ်ဖက်တစ်ဂိုးစီလောက်ကနေ စကြည့်ရနိုင်ပြီး ဂိုးသွင်းသေချာတဲ့အသင်းက အနိုင်ရသွားမယ်ဆိုတဲ့ ပုံစံမျိုး မြင်တွေ့ရနိုင်ပါတယ်။ နှစ်သင်းလုံးရဲ့ ခံစစ်တွေကလည်း အရမ်းညံ့နေတာကြောင့် သွင်းဂိုးတွေ သေချာပေါက် မြင်ရဖို့ရှိနေပြီး အနိမ့်ဆုံးအနေနဲ့ သုံးဂိုးလောက်ထိ မြင်ရနိုင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾စပါး Vs ဘရန့်ဖို့
စပါးအသင်းက ဇယားအောက်ဆုံးက ဝုဗ်အသင်းပြီးရင် အိမ်ကွင်းအညံ့ဆုံးအသင်း ဖြစ်နေပြီး ဘရန့်ဖို့အသင်းကလည်း အဝေးကွင်း ခုနစ်ပွဲမှာ ခြောက်ပွဲအထိ ရှုံးထားတဲ့ အသင်းတွေဖြစ်ပါတယ်။ အရင်ရာသီမှာ ဘရန့်ဖို့အသင်းကို နည်းပြလုပ်ခဲ့တဲ့ စပါးနည်းပြ သောမတ်ဖရန့်အနေနဲ့ အသင်းဟောင်းနဲ့ပွဲစဥ်မှာ ဘယ်လောက်ထိ လုပ်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းပါတယ်။ ဒီပွဲစဥ်မှာ စပါးအသင်းက ဘော်ဒီကြေး ပြားသုံးဆယ်သာ ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးကိုးဆယ်အရှုံး ပေါက်ပါတယ်။ ဘရန့်ဖို့အသင်းက အဝေးကွင်းအရမ်းညံ့တာတောင် စပါးအနေနဲ့ အိမ်ကွင်းကြီးမှာ ဒီကြေးပေးတာဟာ လုံးဝပျော့နေပါတယ်။ စပါးအသင်းအနေနဲ့ ပြားငါးဆယ်နဲ့အထက်ကို ပေးရမှာဖြစ်ပြီး အဲဒီပေါက်ကြေးမှာ သရေဖြစ်သွားရင်တောင် လက်ခံလို့ရပါတယ်။ လက်ရှိပေါက်ကြေး ပြားသုံးဆယ်ကတော့ စပါးအသင်း အနိုင်မရဘူးလို့ဘဲ သုံးသပ်ရမှာ ဖြစ်တယ်။ ကြေးချထားပြီး စပါးအသင်း အိမ်ကွင်းနိုင်ပွဲ ရသွားမလားဆိုတာတော့ စဥ်းစားစရာ ဖြစ်ပေမဲ့ ဒီကြေးအရဆိုရင်တော့ ပြားသုံးဆယ်ရင်းပြီး စပါးဘက်ကနေကြမဲ့ ထိုးသားတွေ များနေမှာပါ။ စပါးမရှုံးနိုင်ဘူးဆိုတဲ့ အတွေးနဲ့ ပြားသုံးဆယ်ရင်းပြီး နေမဲ့ ထိုးသားတွေရှိနေတာကို ဒီကြေးနဲ့တော့ ထိုးကျွေးမယ်လို့ မထင်ပါဘူး။ ဒီပေါက်ကြေးမှာတော့ ဘရန့်ဖို့အသင်းကိုပဲ ကြိုက်ပါတယ်။
◾လိဒ် Vs လီဗာပူး
လီဗာပူးအသင်းက ဘော်ဒီကြေး တစ်လုံးကိုးဆယ်စားနဲ့ ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စားဆိုပြီး ကြေးပျော့ပျော့လေး ပေးထားပါတယ်။ ကြားရက်မှာ ချဲလ်ဆီးအသင်းလည်း လိဒ်ကို ဒီကြေးပေးခဲ့ပြီး သုံးဂိုးတစ်ဂိုးနဲ့ ရှုံးသွားခဲ့ပါတယ်။ တန်းတက်လိဒ်က အိမ်ကွင်းကောင်းတာမှန်ပေမဲ့ လီဗာပူးကိုပါ ဒုက္ခရောက်အောင် ထပ်လုပ်ပြနိုင်မယ်လို့ မထင်တော့ပါဘူး။ ပုံမှန်အတိုင်းဆို လီဗာပူးအနေနဲ့ ဒီကြေးပေးတာဟာ လုံးဝပျော့နေတာကြောင့် အိမ်ရှင်လိဒ်ကို ရွေးချယ်ပေးမှာ ဖြစ်ပေမဲ့ လီဗာပူးအသင်းကိုက ရလဒ်ကောင်းဖို့ အသည်းအသန်ကြိုးစားနေရချိန် ဖြစ်နေတယ်။ ဒီပွဲပြီးရင် အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ပွဲ ကစားရဖို့ ရှိနေပြီး ရလဒ်ကောင်းဖို့ ရုန်းကန်ရနိုင်ပါတယ်။ ကြားရက်မှာလည်း အိမ်ကွင်းပွဲမှာ တန်းတက်အသင်းဖြစ်တဲ့ ဆန်းဒါးလန်းကို အနိုင်မရခဲ့တာကြောင့် ဒီပွဲမှာတော့ ရလဒ်ကောင်းဖို့ ကြိုးစားလာနိုင်ပြီး လီဗာပူးအသင်း တစ်ဂိုးအသာလောက်နဲ ကပ်နိုင်သွားမယ်လို့ ထင်ပါတယ်။ ကြေးအရပျော့နေပေမဲ့ ဒီပွဲမှာတော့ လီဗာပူးအသင်းကို ရွေးချယ်ပေးချင်ပါတယ်။
◾နယူးကာဆယ် Vs ဘန်လေ
နယူးကာဆယ်က အိမ်ကွင်းဆိုရင် ယုံကြည်ပေးလို့ရတဲ့ အသင်းမျိုးဖြစ်ပြီး တိုက်စစ်ဖွင့်ကစားတတ်တာလည်း တွေ့ရပါတယ်။ တန်းတက်ဘန်လေက နောက်ဆုံးငါးပွဲဆက် ရှုံးခဲ့သလို အဝေးကွင်းခုနစ်ပွဲမှာ ခြောက်ပွဲအထိရှုံးထားပြီး ခံစစ်က တစ်ပွဲကို သုံးဂိုးလောက် ပေးထားရပါတယ်။ ဒီပွဲစဥ်မှာ နယူးကာဆယ်အသင်းက ဘော်ဒီကြေး တစ်လုံးအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ နယူးကာဆယ်က ဒီဇင်ဘာပွဲကြပ်ကာလမှာ လေဗာကူဆင်နဲ့ ချန်ပီယံလိဂ်ပွဲ ချဲလ်ဆီး၊ မန်ယူတို့လို အသင်းကြီးတွေနဲ့ ကစားရမှာဖြစ်သလို ဆန်းဒါးလန်းကွင်းမှာလည်း ခက်ခက်ခဲခဲ ကစားရဖို့ရှိနေပါတယ်။ အနိုင်ရသင့်တဲ့ပွဲကို အနိုင်ကစားထားဖို့ လိုနေပြီး ဘန်လေအသင်းကို အိမ်ကွင်းမှာ မနိုင်စရာ မရှိပါဘူး။ တစ်ဂိုးနဲ့နိုင်မလား ဂိုးပြတ်သွားမလားဆိုတာပဲ စောင့်ကြည့်ရမယ် ထင်တယ်။ ဘန်လေခံစစ်က အရမ်းပြဲတာကြောင့် အိမ်ကွင်းတိုက်စစ်ကောင်းတဲ့ နယူးကာဆယ်အသင်း ဂိုးပြတ်သွားမယ်လို့ ထင်ပါတယ်။
