၅.၁၂.၂၀၂၅
Written by KL
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် ၈/၁ နှင့် မိုင်တိုင် ၈/၂ အကြား ရန်ကုန်သို့ အပြန်ဘက်ခြမ်းတွင် Ford Ecosport အမျိုးအစား အဖြူရောင် ကိုယ်ပိုင်ယာဥ်တစ်စီးမှာ မောင်းနှင်လာစဥ် ဘရိတ်ရှုးကပ်ပြီး ကားဘီးအပူလွန်ရာ တာယာများ မီးလောင်ရာမှတစ်ဆင့် ယာဥ်တစ်စီးလုံး မီးလောင်ခဲ့မှု ဒီဇင်ဘာလ ၄ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
၂၆ မိနစ်ကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် မော်တော်ယာဥ်တစ်စီးလုံး မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
ကားမီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ်နှစ်စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၄ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ကားမီးလောင်မှုကြောင့် အသက် ၄၆ နှစ်အရွယ် အမျိုးသားကြီးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှတ်(၃)လမ်းဆုံ အမြန်လမ်းရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

