၁.၁၂.၂၀၂၅
Written By Thandar
ကိုယ်ပိုင်သံစဉ် Rock မြူးဇစ်တွေပါဝင်တဲ့ အဆိုတော် Too Layy ရဲ့ “အိပ်မက်” Album မိတ်ဆက်ပွဲနဲ့ Listening Party ကို ယနေ့ ဒီဇင်ဘာ ၁ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ Hotel Yangon 8 Miles မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့ Soul Salad Band ရဲ့ ပထမဦးဆုံး အိပ်မက် Album မိတ်ဆက်တာနဲ့အတူ Listening Party လုပ်တဲ့ပွဲလေးပါ။ Rock Music တွေကိုမှ ရသစုံကို ဖန်တီးထားပါတယ်။ ကျွန်တော့်အနေနဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်ခဲ့တာမို့ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ထဲက သီချင်းတွေလည်းပါပါတယ်။ ခုချိန်မှ ဒီအိပ်မက်တွေ အကောင်အထည်ဖော်ဖြစ်ခဲ့တာပါ။ ပရိသတ်တွေ ရင်ဘတ်ချင်းငြိရင်တော့ ကြိုက်ကြမှာပါ”လို့ အဆိုတော် Too Layy က MT Entertainment ကိုပြောပါတယ်။




အဆိုပါ အခမ်းအနားကို အဆိုတော် ဂျီလတ်၊ တေးရေး ဇဝါ စတဲ့ ဂီတအသိုင်းအဝိုင်းက တက်ရောက်ပေးခဲ့ကြပါတယ်။ ဒီသီချင်းခွေမှာ တေးသီချင်း ၉ပုဒ်ပါဝင်ပြီး တေးရေးဆရာ ဇဝါ၊ Sar ho၊ Cerol (3:16)၊ အာကာလှသော်၊ စန်းထွန်း၊ ရဝေ၊ Too Layy တို့က ရေးသားထားကြတာလည်းဖြစ်ပါတယ်။ ဒီခွေကို Soul Salad Band နဲ့တီးခတ်ထားတာလည်းဖြစ်ပြီး Streaming Platforms တွေ https://music.moonlabsentertainment.com ကနေ ယနေ့ ဒီဇင်ဘာ ၁ ရက်နေ့က စတင်ပြီး နားဆင်နိုင်ပြီလို့ သိရပါတယ်။
