၁.၁၂.၂၀၂၅
Written By Thandar
Mahar Application ရဲ့ Original Series ဖြစ်တဲ့ မိဘမေတ္တာ အချစ်ဇာတ်လမ်းပုံစံ “သုံးလွန်းတင်ပျို့” ဇာတ်လမ်းတွဲမှာ သားကိုအရမ်းချစ်ပြီး သားအတွက်ဆို ဘယ်သူ့ကိုမဆို အလျှော့ပေး၊ အောက်ကျခံဖို့လည်း ဝန်မလေးတဲ့ မိခင်တစ်ယောက်နေရာက ပါဝင်ထားပါတယ်လို့ သရုပ်ဆောင် ဆုပန်ထွာက ပြောပါတယ်။
“ပန်ပန် ကိုယ်ကိုယ်တိုင် တစ်ဦးတည်းသားလေး Roar Roar Kyaw ရဲ့မိခင်မို့ ရင်ဘတ်ကြီး တစ်ခုလုံးနဲ့ ခံစား၊ ငါ့သားလေးသာဆိုရင် ဆိုတဲ့စိတ်တစ်ခုတည်းသွင်းပြီး ကြိုးစားခဲ့ရတဲ့ ဇာတ်လမ်းတွဲလေးပါ။ သားကို အရမ်းချစ်တဲ့အမေ။ သားစိတ်ချမ်းသာမယ်ဆို ဘာမဆိုလုပ်ပေးဖို့ အမြဲအဆင်သင့်ရှိနေခဲ့တဲ့အမေကာရိုက်တာ ပန်ပန်သရုပ်ဆောင်ထားပါတယ်။ သားအတွက်ဆိုရင် အားလုံးကို အလျှော့ပေး၊ ဘယ်သူ့ကိုမဆို အောက်ကျခံဖို့လည်း ဝန်မလေးဘဲ သားကိုချစ်တဲ့မေမေနေရာက မြင်တွေ့ရမှာပါ”လို့ သရုပ်ဆောင် ဆုပန်ထွာက ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲကိုတော့ ဝတ္ထု သျှင်မ၊ ဇာတ်ညွှန်းပိုင်းကို ညမွှေးပန်းနဲ့ ငွေစင်သွန်းတို့က ရေးသားပြီးတော့ ဒါရိုက်တာကြည်ဖြူသျှင်က ချစ်ခြင်းမေတ္တာတရားကို အနုအရွ၊ အလွမ်းအဆွေး၊ မတူညီတဲ့ ပုံဖော်မှုတွေနဲ့ ရသမျိုးစုံခံစားရအောင် မိဘမေတ္တာနဲ့ ပုံဖော်ထားတဲ့ အချစ်ဇာတ်လမ်းလေးဖြစ်တယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ ချမ်းမင်းရဲထွဋ်၊ ပိုးမမှီသာ၊ ဆုပန်ထွာ၊ ဖူးစုံ၊ မင်းအာကာ၊ မိုးပွင့်ဖြူ၊ Kai ၊ အောင်လွင်မိုး၊ မြတ်သူရိန်ကျော်၊ ဇင်မျိုး၊ တာတာ၊ ခင်မို့မို့အေး၊ မေသွယ်၊ မြတ်အမရာတို့ ပါဝင်ထားကြပါတယ်။
အပိုင်း၂၀ ပါဝင်မယ့် ချစ်ခြင်းမေတ္တာတရားကို အနုအရွ၊ အလွမ်းအဆွေး၊ မတူညီတဲ့ ပုံဖော်မှုတွေနဲ့ ရသမျိုးစုံခံစားရမယ့် “သုံးလွန်းတင်ပျို့” ဇာတ်လမ်းတွဲကို ဒီဇင်ဘာ ၅ ရက်နေ့မှာ Mahar Application နဲ့ Mahar Channel ကနေထုတ်လွှင့်ပြသသွားမှာလည်း ဖြစ်ပါတယ်။
“ဒီဇာတ်ကားလေးက ပိုးကို ပရိသတ်တွေ မကြားဖူးသေးတဲ့ နာမည်လေးဖြစ်တဲ့ အပြာရင့်ရောင်ဖြစ်ပါတယ်။ ဒီကောင်မလေးရဲ့ ခံစားချက်တွေနဲ့ ဘဝကိုကြည့်ရှုရင်တော့ ချစ်ခင်နှစ်သက်အားပေးကြမယ်လို ယုံကြည်ပါတယ်။ ဒီကားမှာ ၁၅၀၀ အချစ်ရယ်၊ ၅၂၈ဆိုတဲ့ မေတ္တာမျိုးစုံကို ခံစားချက်တွေ၊ အတ္တတွေလည်း ပါဝင်တဲ့ ဇာတ်လေးပါ” လို့ သရုပ်ဆောင် ပိုးမမှီသာက ပြောပါတယ်။
#ChamMinYeHtut #PoeMamheThar #SupanHtwar #PhueSone #MinArkar #MoePwintPhyu
Kai #AungLwinMoe #MyatThurainKyaw #KhinMohMohAye #TarTar #MayThwe #MyatAmara #သုံးလွန်းတင်ပျို့ဇာတ်လမ်းတွဲ #MaharApplication




