နေမိုး
၃၀. ၁၁. ၂၀၂၅
ဆိုင်ကယ်ဖြင့် တစ်ဦးတည်းထွက်လာသည့် သက်ကြီးပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ညောင်ဦး PDF များက ဒလန်ဟု တံဆိပ်ကပ်ကာ ပစ်ခတ် သတ်ဖြတ်လိုက်မှု ကမ္ဘာ့အမွေအနှစ် ပုဂံညောင်ဦးဒေသတွင် ဖြစ်ပွား
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ သစ်ထောင့်မြောက်ကျေးရွာနေ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမောင်သန်း(၆၅)နှစ်သည် နေအိမ်မှ လက်ပံခြေပေါ်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းထွက်ခွာလာစဉ် ရွာသစ်ကုန်းကျေးရွာအနီး ညောင်ဦး-မြင်းခြံသွား ကားလမ်းမိုင်တိုင်အမှတ် ၁၂ မိုင် ၇ ဖာလုံအရောက်၌ PDF များ (အင်အားစိစစ်ဆဲ)က “ဒလန်” ဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးမောင်သန်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယခုနှစ်ဇန်နဝါရီ ၅ ရက်တွင် ညောင်ဦးပကဖအဖွဲ့ ပုဂံပြည်ဘီလူးတပ်မှ PDF များက ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်ဒေသဖြစ်သော ပုဂံညောင်ဦးဒေသအတွင်း NUG ခိုင်းစေချက်နှင့်အညီ စစ်ဆင်ရေးလုပ်ဆောင်မည်ဟုကြေညာကာ ပြီးခဲ့သည့်ဆယ်လအတွင်း လက်နက်မဲ့ပြည်သူများစွာကို သတ်ဖြတ်လုယက်ခြင်းနှင့် ဆယ်တန်းပြန်ဖြေမည့် ကျောင်းသားကျောင်းသူကိုးဦးနှင့် မိသားစုများကို တပ်မတော်က စောင့်ရှောက်ပေးထားသည့်ကြားမှ ပြန်မဖြေအောင် ခြိမ်းခြောက်မှုပြုသည့်အဆုံး ဇွန်လ ၃၀ ရက်မှ ဇူလိုင် ၂ ရက်အထိ စစ်ကြောင်းထိုးရှင်းလင်းရာ PDF ၁၁ ဦး သေဆုံးသွားခဲ့သည်။ ထိုသို့သေဆုံးမှုကြောင့် ယခုအချိန်တွင် လက်နက်မဲ့ပြည်သူများကို “သတင်းပေး/ဒလန်”ဟု စွပ်စွဲကာ လိုက်လံ လက်တုံ့ပြန် ဖမ်းဆီးသတ်ဖြတ်မှုများ ပိုမိုဖြစ်ပွားနေပြီး ဇူလိုင် ၂ ရက်နောက်ပိုင်းမှစတင်၍ လူ ၂၀ ထက်မနည်းကို PDF များက သတ်ဖြတ် လုယက်ထားသည်။
ယခုနှစ်ဇန်နဝါရီ ၅ ရက်တွင် ညောင်ဦးပကဖအဖွဲ့ ပုဂံပြည်ဘီလူးတပ်မှ PDF များက ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်ဒေသဖြစ်သော ပုဂံညောင်ဦးဒေသအတွင်း NUG ခိုင်းစေချက်နှင့်အညီ စစ်ဆင်ရေးလုပ်ဆောင်မည်ဟုကြေညာကာ ပြီးခဲ့သည့်ခြောက်လအတွင်း လက်နက်မဲ့ပြည်သူများစွာကို သတ်ဖြတ်လုယက်ခြင်းနှင့် ဆယ်တန်းပြန်ဖြေမည့် ကျောင်းသားကျောင်းသူကိုးဦးနှင့် မိသားစုများကို တပ်မတော်က စောင့်ရှောက်ပေးထားသည့်ကြားမှ ပြန်မဖြေအောင် ခြိမ်းခြောက်မှုပြုသည့်အဆုံး ဇွန်လ ၃၀ ရက်မှ ဇူလိုင် ၂ ရက်အထိ စစ်ကြောင်းထိုးရှင်းလင်းရာ PDF ၁၁ ဦး သေဆုံးသွားပြီးနောက် ယခုအချိန်တွင် လက်နက်မဲ့ပြည်သူများကို “သတင်းပေး/ဒလန်”ဟု စွပ်စွဲကာ လိုက်လံ လက်တုံ့ပြန် ဖမ်းဆီးသတ်ဖြတ်မှုများ ပိုမိုဖြစ်ပွားနေသည်။
