၂၉. ၁၁. ၂၀၂၅
Written by MMAK
◾ မန်စီးတီး Vs လိဒ်
မန်စီးတီးက နောက်ဆုံးနှစ်ပွဲမှာ နယူးကာဆယ်ကို ရှုံးခဲ့သလို ချန်ပီယံလိဂ်မှာလည်း လေဗာကူဆင်ကို ရှုံးခဲ့ပါတယ်။ ဇယားထိပ်ဆုံးက အာဆင်နယ်အသင်းနဲ့ ခုနစ်မှတ်ထိ ကွာဟနေပြီး ဒီအပတ်မှာ ဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ချဲလ်ဆီးအသင်းတို့ ထိပ်တိုက်တွေ့နေတာကြောင့် မန်စီးတီးအနေနဲ့ အိမ်ကွင်းပွဲမှာ သုံးမှတ်ရထားဖို့ အရေးကြီးပါတယ်။ ဒီပွဲစဥ်မှာ မန်စီးတီးအသင်းက ဘော်ဒီကြေး နှစ်လုံး ခြောက်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်အရှုံးပေါက်ပါတယ်။ တန်းတက်လိဒ်အသင်းက မန်စီးတီးအတွက်တော့ ပြိုင်ဘက်ကောင်းမဟုတ်သလို အဝေးကွင်းခြောက်ပွဲမှာ တစ်ပွဲကို နှစ်ဂိုးနှုန်းလောက်ပေးထားရတဲ့ ခံစစ်က မန်စီးတီးအသင်းကို သေချာပေါက် ဂိုးပေးရမှာပါ။ သို့ပေမဲ့ မန်စီးတီးဘော်ဒီကို လူတိုင်းကြိုက်လာနိုင်သလို နှစ်ဂိုးသွင်းတာနဲ့ ပြားခြောက်ဆယ်စားရမယ်ဆိုတဲ့ ပေါက်ကြေးကတော့ အနည်းငယ်ပျော့နေပါတယ်။ သို့ပေမဲ့ ပွဲချိန်နီးကပ်လာရင် နှစ်လုံးသုံးဆယ်စားလောက်ထိ ဖြစ်လာနိုင်တာကြောင့် ဒီပွဲစဥ်မှာ မန်စီးတီးဘော်ဒီကိုပဲ ရွေးချယ်ပေးချင်ပါတယ်။
◾ဘရန့်ဖို့ Vs ဘန်လေ
အိမ်ကွင်းကောင်းတဲ့ ဘရန့်ဖို့အသင်းက တန်းတက်ဘန်လေကို ဘော်ဒီကြေး တစ်လုံးနှစ်ဆယ်အရှုံး ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခုနစ်ဆယ်စားဆိုပြီး ကြေးပေါက်နေပါတယ်။ ဘော်ဒီကြေးကအနည်းငယ်ပြင်းရှနေပြီး တစ်လုံးသရေလောက်ပေးရင်ကို ကြေးမှန်တယ်လို့ ပြောရမှာဖြစ်ပြီး ဂိုးပေါင်းကြေးကတော့ အနည်းငယ် လျော့ကျနေပြန်ပါတယ်။ ဘရန့်ဖို့အသင်း အိမ်ကွင်းကောင်းတာကို လက်ခံရမှာဖြစ်ပြီး ဘန်လေက အဝေးကွင်းညံ့သလို အဝေးကွင်းခံစစ်ကလည်း တစ်ပွဲကို သုံးဂိုးလောက် ပေးနေရတာကြောင့် ဘရန့်ဖို့အသင်းရဲ့ ဘော်ဒီကြေးအနည်းငယ် ပြင်းရှနေတယ်လို့ ထင်ပါတယ်။ ဒီပေါက်ကြေးအရ အိမ်ရှင်ဘရန့်ဖို့အသင်း တစ်ဂိုးအသာနဲ့ အနိုင်ရမယ်လို့ ယူဆရမှာဖြစ်ပေမဲ့ ဘန်လေအသင်းသာ တစ်ဂိုးလောက်ရသွားခဲ့ရင် ဂိုးပေါင်းအပေါ်က ပိုပြီးတော့ စိတ်ချရမှာပါ။ နှစ်ဂိုးပြတ်မှ ကြေးအပြည့်အောင်မဲ့ အိမ်ရှင်ဘရန့်ဖို့ထက် ဂိုးပေါင်းအပေါ်က ပိုကောင်းမယ်လို့ ထင်ပါတယ်။ နှစ်ဂိုးတစ်ဂိုးလောက်နဲ့ ပွဲပြီးနိုင်သလို ဘရန့်ဖို့တစ်သင်းတည်းတောင် သုံးဂိုးလောက်ထိ ဖြစ်နိုင်တာကြောင့် ဂိုးပေါ်တစ်ခုတည်းကိုပဲ ရွေးချယ်ပေးချင်ပါတယ်။





◾ ဆန်းဒါးလန်း Vs ဘုန်းမောက်
ဒီရာသီမှာ အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့ အသင်းတွေထဲမှာ တန်းတက်ဆန်းဒါးလန်းအသင်းလည်း ပါဝင်ပါတယ်။ ဘုန်းမောက်အသင်းကတော့ ခြေစွမ်းကောင်းတယ်ဆိုပေမဲ့ တိုက်စစ်အသားပေးလွန်းတာမျိုး တွေ့ရသလို အဝေးကွင်းရလဒ်ကလည်း သိပ်မကောင်းပါဘူး။ ဒီပွဲစဥ်မှာ ဘုန်းမောက်အသင်းက ဘော်ဒီကြေး ပြားသုံးဆယ်ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးရှစ်ဆယ်အရှုံးပေါက်ပါတယ်။ အထက်အောက် ရပ်တည်နေတဲ့ အသင်းတွေဖြစ်ပေမဲ့ တန်းတက်လာတဲ့ ဆန်းဒါးလန်းအသင်းကြောင့် ဘုန်းမောက်အသင်းက ဘော်ဒီကြေးအနည်းငယ် ပြန်ပေးထားတယ်လို့ ထင်ပါတယ်။ ဒီပေါက်ကြေးက တစ်သင်းနဲ့တစ်သင်း အနိုင်ရသွားဖို့ ခက်မယ်ဆိုတဲ့ ပေါက်ကြေးမျိုးဖြစ်ပြီး သရေတစ်ပေါက်ကို ဖော်ဆောင်နေပါတယ်။ ဂိုးပေါင်းကြေး နှစ်လုံးရှစ်ဆယ်အရှုံးဆိုတဲ့ ပေါက်ကြေးမှာဆိုရင်လည်း တစ်ဖက်တစ်ဂိုးစီထက် မပိုဘူးလို့ ယူဆရမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ဂိုးအောက်ကိုပဲ အကြိုက်တွေ့နေပြီး အပြန်အလှန်ဂိုးတွေနဲ့ သုံးဂိုးလောက်ထိ မရောက်နိုင်တာကြောင့် ဒီပွဲမှာ ဂိုးအောက်ကိုပဲ ရွေးချယ်ပေးချင်ပါတယ်။
◾အဲဗာတန် Vs နယူးကာဆယ်
ခြောက်ပွဲကစားပြီးချိန်မှာ အဝေးကွင်းနိုင်ပွဲလုံးဝမရသေးသလို တိုက်စစ်က သုံးဂိုးပဲ သွင်းထားနိုင်တဲ့ နယူးကာဆယ်အသင်းအနေနဲ့ အဲဗာတန်ကွင်းမှာ ခက်ခက်ခဲခဲ ကစားရမှာပါ။ ဒီပွဲစဥ်မှာ နယူးကာဆယ်အသင်းက ဘော်ဒီကြေး ပြားနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးအရှုံးပေါက်ပါတယ်။ နယူးကာဆယ်အသင်းရဲ့ အဝေးကွင်းပွဲတွေမှာဆိုရင် သူကအရင် ဂိုးသွင်းပြီး ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ပေးနေရတာ တွေ့ရပြီး ဂိုးသွင်းနိုင်သလို ဂိုးလည်းပြန်ပေးရတယ်ဆိုတဲ့ အနေအထားမျိုးတွေ တွေ့ရပါတယ်။ အဲဗာတန်အသင်းက ခံစစ်လုံအောင်ကစားတတ်သလို တိုက်စစ်ကလည်း ဂိုးရအောင်သွင်းနိုင်တဲ့ ပုံစံမျိုး တွေ့ရတာကြောင့် ပြိုင်ဘက်အသင်းရဲ့ ကစားပုံကိုလိုက်ပြီး ပြောင်းလဲကစားတတ်တဲ့ ပုံစံမျိုး တွေ့ရပါတယ်။ ဒီပွဲမှာ အိမ်ရှင်အဲဗာတန်ရဲ့ ခံစစ်ကောင်းမွန်မှုနဲ့ နယူးကာဆယ်ရဲ့ အဝေးကွင်းညံ့ဖျင်းပုံကြောင့် ထိုးသားအများစု ရွေးချယ်လာနိုင်တာက အဲဗာတန်နဲ့ ဂိုးအောက်ပါ။ စာရေးသူအနေနဲ့ဆိုရင် ဒီပွဲမှာ နယူးကာဆယ်အသင်း အဝေးကွင်းရှုံးပွဲ ထပ်မတွေ့ရတော့ဘူးလို့ ယူဆထားသလို အဝေးကွင်းလေးပွဲဆက် အရှုံးကနေ ရုန်းထွက်ပြမယ်လို့ ထင်ပါတယ်။ ထိုးသားတွေအနေနဲ့ အဲဗာတန်ကို ရွေးချယ်ကြမှာဖြစ်သလို ဘွတ်ကီတွေကလည်း အိမ်ရှင်အဲဗာတန်မရှုံးနိုင်ဘူး၊ အဲဗာတန်ကိုပဲ နေကြပါလို့ တိုက်တွန်းနေသလို ခံစားရပါတယ်။ ဒီအတွက်ကြောင့် နယူးကာဆယ်ဘော်ဒီကို ရွေးချယ်ပေးချင်ပြီး ဂိုးပေါ်ကို အရံအနေနဲ့ ကြိုက်ပါတယ်။
◾စပါး Vs ဖူဟမ်
လန်ဒန်ဒါဘီပွဲစဥ်ဖြစ်ပြီး အိမ်ရှင်စပါးအသင်းအနေနဲ့ ဖူဟမ်အသင်းကို ဘော်ဒီကြေး ပြားငါးဆယ်လောက်သာပေးထားနိုင်ပြီး ဂိုးပေါင်းကြေး နှစ်လုံးအရှုံး ပေါက်ပါတယ်။ စပါးအသင်းအိမ်ကွင်းမှာ ဖူဟမ်အသင်းအနိုင်မရတဲ့ ခြောက်ပွဲလောက် ရှိနေပြီဖြစ်သလို လက်ရှိခြေစွမ်းအရဆိုရင်လည်း ဖူဟမ်အသင်းရဲ့ခြေစွမ်းက အရမ်းကောင်းမနေပါဘူး။ စပါးအသင်းက လက်ရှိအချိန်မှာ ခြေစွမ်းမကောင်းတာမှန်ပေမဲ့ အိမ်ကွင်းအားသာချက်နဲ့ အသင်းကြီးဆိုတဲ့ အနေအထားမျိုးမှာ ရှိနေပါသေးတယ်။ ကြားရက်မှာ ချန်ပီယံလိဂ် ပွဲစဥ်တွေ တစ်လနီးပါး နားထားတာကြောင့် စပါးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်ပြီးတော့ အားစိုက်လာနိုင်တယ်ဆိုတဲ့ အနေအထားမျိုးလည်း ရှိနေပါတယ်။ ဒီအချိန်မှာ စပါးအသင်းရဲ့ ဘော်ဒီကြေး ပြားငါးဆယ်ဆိုတာ အရမ်းပျော့နေပြီး သရေအရှုံးကနေ တစ်လုံးရှစ်ဆယ်စားလောက်ထိ ပေးရမှာ ဖြစ်ပါတယ်။ ဒီပေါက်ကြေးမှာတော့ စပါးအသင်းအနေနဲ့ အနိုင်ရဖို့မလွယ်ဘူးလို့ သုံးသပ်ထားပါတယ်။ ဒီအတွက်ကြောင့် ဖူဟမ်အသင်းဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
