၂၈.၁၁.၂၀၂၅
Written By Thandar
အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်အားပေးမှုအခိုင်အမာထားတဲ့ သရုပ်ဆောင် တိုင်ရွန်ရဲ့ နိုဝင်ဘာ၂၆ ရက်မှာကျရောက်တဲ့ အသက် ၃၂ နှစ်ပြည့်မွေးနေ့ကို ပုဂံကရွာလေးတစ်ရွာမှာ ကုသိုလ်အလှူလေးလုပ်ခဲ့ပါတယ်။
“ဒီနေ့ ကျွန်တော့်မွေးနေ့ပါ။ ဒီနှစ်လည်း ပုဂံက ရွာလေးတစ်ရွာမှာ အလှူလုပ်ဖြစ်ပါတယ်”လို့ သရုပ်ဆောင်တိုင်ရွန်က ပရိသတ်သိအောင် ပြောပါတယ်။
သူဟာ ပုဂံက ရွာလေးတစ်ရွာက ဘုန်းတော်ကြီးကျောင်းမှာ နေ့ဆွမ်းဆက်ကပ်ခြင်း၊ သင်္ကန်း၊ ဆန်၊ ဆီ၊ အချိုရည်၊ ဝတ္ထုငွေတချို့နဲ့ လိုအပ်တာတွေကို မိခင်ဖြစ်သူနဲ့အတူ ရေစက်သွန်းချ တရားနာယူ လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ရွာရှိချစ်ရတဲ့ ပရိသတ်တွေနဲ့အတူ မွေးနေ့ကိတ်ခွဲပြီး နေ့လယ်စာအာဟာရတွေ၊ အအေး၊ ငွေသားတချို့ကိုလည်း လှူဒါန်းခဲ့ပါတယ်။
တိုင်ရွန်ရဲ့ မွေးနေ့အကြိုအနေနဲ့ မွေးရပ်မြေသံဖြူဇရပ်မြို့ရှိ ရမ္မာဝတီဓမ္မဝါသကျောင်းတော်ကြီးက အမိုးအတွက် ရေစက်ချအလှူလေး လုပ်ဆောင်ခဲ့သလို ပဲခူးမြို့ ပဓာနိကာရာမကျောင်းတိုက်ရှိဆရာလေးတွေရဲ့ ကျန်းမာရေးအလှူငွေတွေနဲ့ ဒါနကုသိုလ်တွေပြုခဲ့တာလည်းဖြစ်ပါတယ်။
မွေးနေ့မတိုင်ခင်ကတည်းက အကြိုကုသိုလ်ပြု အလှူအတန်းတွေကိုညဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။
#တိုင်ရွန် #Tyron #MyanmarActor #PreBirthday #သံဖြူဇရပ်မြို့ #မွေးနေ့အကြိုအလှူ #MyanmarCeleDonation













