၂၇.၁၁.၂၀၂၅
Written by Linn Eain
ပြည်ခိုင်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ဗဟို)ဥက္ကဋ္ဌ ဦးခင်ရီသည် ဧရာဝတီတိုင်းဒေသကြီးမှ ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံပွဲကို နိုဝင်ဘာ ၂၇ ရက် နံနက် ၉ နာရီခွဲက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းရှိ အားကစားရုံတွင် ပြုလုပ်ခဲ့သည်။



ထို့နောက် ပြည်ခိုင်ဖြိုးပါတီမှ ဧရာဝတီတိုင်းဒေသကြီးတွင် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၉၂ ဦးကို တက်ရောက်လာသည့် ပါတီဝင်များ၊ ပါတီဝန်းရံသူများနှင့် အသင်းအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။






ဆက်လက်၍ ပြည်ခိုင်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ဗဟို)ဥက္ကဋ္ဌ ဦးခင်ရီက မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး ပါတီအောင်နိုင်ရေးအလံကို ဧရာဝတီတိုင်း၊ ပြည်ခိုင်ဖြိုးပါတီသို့ ပေးအပ်ခဲ့သည်။
ယနေ့ တွေ့ဆုံပွဲသို့ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အသီးသီးမှ ပါတီတာဝန်ရှိသူများ၊ ပါတီဝင်များနှင့် ပါတီဝန်းရံသူများ စုစုပေါင်း အင်အား ၁၄၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
