၂၆.၁၁.၂၀၂၅
Written By Thandar
အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော်ကြီးရဲ့ သားတပည့် လက်ထောက်ဆရာတော် အသျှင်ကုမာရက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၊ လင်ကွမ်စီကျောင်းတိုက်၊ မြတ်ဗုဒ္ဓရဲ့ စွယ်တော်မြတ်ဆရာတော်ကြီးနဲ့ တွေ့ဆုံပြီး ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆက်ဆံရေး သာသနာပြုခရီးစဉ် သွားရောက်နေလျက်ရှိပါတယ်။
“ဒီနေ့ ကမ္ဘာပေါ်မှာ သိပ်နာမည်ကြီးနေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ နေရာတစ်ခုမှာ တီယန်မင်ရင်ပြင်နဲ့ ဥက္ကဋ္ဌကြီး မော်စီတုန်းအထိမ်းအမှတ်ခန်းမ၊ ပေကျင်းမြို့ရဲ့ မှတ်တမ်းဝင် နန်းတော်အဆောက်အဦတွေ၊ ရှေးဟောင်းဗုဒ္ဓဘာသာဘုရားကျောင်းတွေ၊ ပြတိုက်တွေ၊ တရုတ်နိုင်ငံရှိ ထိပ်တန်းခရီးသွားဆွဲဆောင်မူတွေနဲ့အတူ စွဲမက်ဖယ်ကောင်းတဲ့ ထူးထူးခြားခြားဂရိတ်ဝေါ မဟာတံတိုင်းကြီးဟာ လူ့သမိုင်းတစ်လျှောက် တည်ဆောက်ခဲ့ဖူးသမျှမှာ အရှည်လျားဆုံးအရာကြီးတစ်ခု သွားရောက်ဖြစ်ခဲ့တယ်။ အခုဆိုရင် ပေကျင်းမြို့ဟာ သိပ်အေးပြီး ဆောင်းရာသီရောက်ရှိနေတာမို့ ဝတ်စားဆင်ယင်မူနဲ့ ရိုးရာယဉ်ကျေးမူ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံဟာ ရာသီဥတု မတူညီပါဘူး။ ဒါကြောင့် ဝေဖန်တာက သိပ်လွယ်ကူပါတယ်။ နိုင်ငံတကာနဲ့ ရိုးရာယဉ်ကျေးမူ ရေမြေသဘာဝကို နားလည်သဘောပေါက်ဖို့ကတော့ နိုင်ငံတကာ ဗဟုသုတများများလေ့လာဖို့အတွက် လက်တွေ့ကျကျ အဲဒီ နိုင်ငံတွေကို ကိုယ်တိုင်သွားရောက်လေ့လာဖို့ သိပ်အရေးကြီးပါတယ်။ လွတ်လပ်စွာ သဘောထားကွဲလွဲပိုင် ခွင့်ရှိပါတယ်။ အလိုတော်ပြည့်ပါစေ” လို့ ဆရာတော် အသျှင်ကုမာရက MT Entertainment ကို မိန့်ကြားပါတယ်။
အဆိုပါ ခရီးစဉ်ကိုတော့ နိုဝင်ဘာလ ၁၈ ရက်နေ့ကစတင်ခဲ့ပြီး နိုဝင်ဘာ ၂၃ ရက်အထိ သွားရောက်ခဲ့တာလည်းဖြစ်ပါတယ်။ စွယ်တော်မြတ်ဆရာတော်ကြီးက ရွှေဘုရားထိုင်တော်မူတစ်ဆူ မေတ္တာလက်ဆောင်အနေနဲ့ ပေးအပ်ခဲ့သလို တရုတ်ယွမ် ၅၀၀၀နဲ့ အမေရိကန်ဒေါ်လာ ၂၀၀၀ ကို ပြန်လည်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
အဲဒီနောက် ဆရာတော် အသျှင်ကုမာရက တရုတ်ပြည်ရှိ မြတ်ဗုဒ္ဓရဲ့ စွယ်တော်မြတ် ကိန်းဝပ်စံပယ်တော်မူတဲ့မြေပေါ်မှာ သစ္စာအဓိဌာန်ပြုခြင်း၊ ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်း၊ မေတ္တာပို့အမျှဝေခြင်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
#ဆရာတော်အသျှင်ကုမာရ #AShinKumara #တရုတ်ပြည် #မြတ်ဗုဒ္ဓရဲ့စွယ်တော်မြတ် #ချစ်ကြည်ရေးနှင့်ပူးပေါင်းဆက်ဆံရေးသာသနာပြုခရီးစဥ် #တရုတ်ပြည်သူ့သမ္မတနိုင်ငံ







