




၂၃.၁၁.၂၀၂၅
Written By Thandar
Mahar Applicationနဲ့ ရွှေစည်တော်တို့ ပူးပေါင်းရိုက်ကူးမယ့် ဒရာမာအချစ်ဇာတ်လမ်းပုံစံ “မုန်းမာန်ငြိုး” ဇာတ်ကားကန်တော့ပွဲပေးပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားအောင်မြေမှာ ကျင်းပခဲ့ပါတယ်။
“အချစ်ကြီးတာကနေစပြီး လောင်မြိုက်ကြတဲ့ ဇာတ်ပုံစံလေးပါ။ အချစ်တွေကြီးပြီးတော့ အမုန်းအငြိုးတွေ အာဃာတတွေ ဖြစ်လာတာပေါ့။ ဒီကား ဒရာမာဇာတ်လို့လည်း ပြောရမှာပါ။ ဇာတ်လေးက တော်တော်လေးလည်း ကောင်းပါတယ်”လို့ သရုပ်ဆောင် ဝင့်ယမုံနိုင်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဝတ္ထု လွန်းထားထား၊ ဇာတ်ညွှန်းမယ်ခိုင်၊ ဒါရိုက်တာပွင့်သိင်္ဂီဇော်(အရုဏ်ဦး)က ရိုက်ကူးပြီး သရုပ်ဆောင်တွေအနေနဲ့ ရန်အောင်၊ အောင်ရေချမ်း၊ ညီထွဋ်ခေါင်၊ မင်းတော်ဝင်၊ ဝင်းခန့်မိုး၊ ဝင့်ယမုံနိုင်၊ သံသာညီ၊ ထူးနိုင်လင်း၊ တာတာ၊ အေးသီတာနဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားကြပါတယ်။
