MT News
၂၀. ၁၁. ၂၀၂၅
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးပေါ် ယမန်နေ့က လမ်းလယ်ကျွန်းတံတားပေါင်ကို ဝင်တိုက်မိသည့် ယာဉ်တိုက်မှုဖြစ်စဥ်တွင် အမျိုးသား နှစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ယင်းဖြစ်စဥ်အတွက် သေဆုံးယာဥ်မောင်းအား အမှုဖွင့်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီ ၂၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၉ မိုင် ၅ ဖာလုံနှင့် ၄ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှ သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးမှ ရန်ကုန်ဘက်သို့ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ တံပိုးကျေးရွာနေ အောင်နိုင်ထွန်း(၂၇)နှစ် မောင်းနှင်ပြီး အမျိုးသား နှစ်ဦး လိုက်ပါလာသော KYN-7/ 8L-XXXX IZONE ခရီးသည်တင်မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတံတားပေါင်အား ဝင်တိုက်မိခဲ့သဖြင့် အောင်နိုင်ထွန်းနှင့် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဖိုစွတ်ကျေးရွာနေ ဦးဇော်ဂျီ(၄၃)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ဆင်ပေါင်ဝဲမြို့နယ်နေ ဆန်းမင်းအောင်(၂၀)နှစ်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။
ထို့ကြောင့် သေဆုံးသွားသူ ယာဥ်မောင်း အောင်နိုင်ထွန်း အား မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်း ယာဉ် (ပ)၂၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
