Photo-USDP News
၁၉.၁၁.၂၀၂၅
Written by NYL
ပြည်ခိုင်ဖြိုးဆိုပေမဲ့လည်း အရည်အချင်း၊ ကိုယ်ကျင့်သိက္ခာရှိပြီး ဒေသတိုးတက်ရေးအတွက် လုပ်ပေးနိုင်သူဖြစ်မည့်သူကို စဉ်းစားရန်လိုကြောင်း ပြည့်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီကပြောကြားခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်ရီသည် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စုသို့ နိုဝင်ဘာ ၁၈ ရက်က ပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။




“ကျွန်တော်ပြောတာက ပြည်ခိုင်ဖြိုးဆိုတာလည်း စဉ်းစားရမယ်နော်။ နံပါတ်တစ် ဘာစဉ်းစားရမလဲ။ ငါရွေးလိုက်တဲ့သူက အရည်အချင်းရှိသလား။ ပညာအရည်အချင်းရှိသလား။ ကိုယ်ကျင့်သိက္ခာရှိသလား။ ငါတို့ဒေသတိုးတက်ရေးအတွက် တကယ်ပဲလုပ်ပေးနိုင်တဲ့သူ ဖြစ်ရဲ့လား။ အဲဒါမစဉ်းစားသင့်ဘူးလား။ အဲဒီတော့ သူတစ်ယောက်ထဲမဟုတ်ဘူး။ သူ့ကိုရွေးသလို သူ့နောက်မှာ ကျောထောက်နောက်ခံအဖွဲ့အစည်းရှိတယ်။ ပါတီပေါ့ဗျာ။ ပါတီက သူ့ကိုလွှတ်တော်မှာ တင်မြှောက်မယ်ဆိုရင် သူ့နောက်မှာ ၀ိုင်းဝန်းပံ့ပိုးပေးနိုင်မဲ့ လူတွေ၊ အရင်းအမြစ်တွေရှိတဲ့ အဖွဲ့အစည်းရော ဟုတ်ရဲ့လား။ သူ့ကို ကူညီပေးမဲ့အဖွဲ့လိုတယ်။ သဘောကတော့ လူ့ပုဂ္ဂိုလ်ကိုကြည့်ရသလို ပါတီကိုလည်းကြည့်ရမယ်” ဟု ဦးခင်ရီက ပြောကြားခဲ့သည်။
ထို့ပြင် ပါတီဖြစ်တည်လာမှုသမိုင်း၊ ဖွဲ့စည်းပုံနှင့် လက်ရှိဆောင်ရွက်နေမှုများ၊ လာမည့်ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ဆက်စပ်သည့် ကိစ္စရပ်များ၊ ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်း၊ ဆန္ဒမဲမပျက်မကွက်ပေးကြရေးနှင့် မဲပေးပုံနည်းစနစ်များ၊ ပြည်ခိုင်ဖြိုးပါတီအား ရွေးချယ်မဲပေးသင့်သည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင်ကိုလည်း ပြည်သူများနှင့်ကိုယ်စားလှယ်လောင်း မိတ်ဆက်စကားပြောကြားခဲ့သည်။




