၁၉. ၁၁. ၂၀၂၅
Written by Nay Moe
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း (၃) ကလေးခရိုင် အမှတ် (၉)တပ်ရင်းက ဒုတိယတပ်ရင်းမှူးနဲ့ PDF ၁၄ ဦးတို့ဟာ ကချင်ပြည်နယ် ရှေ့တန်းတိုက်ပွဲ အသီးသီးမှာ KIA ဝင်တိုက်ပေးရင်း သေဆုံးကုန်တယ်လို့ MKPDF-3 က နိုဝင်ဘာ ၁၈ ရက်မှ ထုတ်ပြန်အသိပေးထားတယ်လို့ NUG ရဲ့ မီဒီယာဖြစ်တဲ့ PVTV က ဒီနေ့ အတည်ပြုထုတ်ပြန်လာပါတယ်။
KIA ဟာ ဗန်းမော်မြို့ကို ရက်ပိုင်းအတွင်း သိမ်းယူမယ်ကြွေးကြော်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှာ စတင်မြို့သိမ်းတိုက်ပွဲဆင်နွှဲပေမဲ့ တပ်မတော်ရဲ့ ခုခံမှုကြောင့် မြို့မသိမ်းနိုင်ခဲ့သလို တစ်နှစ်တာကာလအတွင်း ကချင်လက်နက်ကိုင် KIA နဲ့ သူတို့မွေးမြူထားတဲ့ KPDF တွေ အမြစ်ပြုတ်လုနီးနီးဖြစ်သွားချိန်မှာ NUG ရဲ့ အညာ PDF တွေကို ကြေးစားခေါ်သုံးတိုက်ပေမယ့်လည်း အခုအချိန်အထိ နိုင်ပွဲမရဘဲ ခေါ်သုံးတဲ့ အညာ PDF ရာထောင်ချီသာ အားလုံးလိုလိုသေဆုံးနေတာဖြစ်ပါတယ်။
မင်းကင်း PDF ဟာ ဒုတပ်ရင်းမှူးအပါအဝင် PDF ၁၅ ဦးက ကချင်မှာ သေကြောင်းသာ ထုတ်ပြန်ထားပေမဲ့ သေသူတွေရဲ့ အမည်တွေတောင် မဖော်ပြသလို အလောင်းပြရမရ၊ သင်္ဂြိုဟ်နိုင်မှု ရှိမရှိလည်း မထုတ်ပြန်ဘဲ ဒီမိုကရေစီအတွက် အသက်ပေးသွားတယ်လို့ပဲ ဖော်ပြထားပါတယ်။


