၁၆.၁၁.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊အမှတ် (၁၁၃)ရပ်ကွက်၊ စက်မှုဇုန်၊ ပန်းတဥ်းဝန် ဦးရွှေဘင်လမ်းရှိ ရွှေသစ်ရွက် တာယာအမှုန့်ကြိတ်စက်ရုံတွင် နိုဝင်ဘာလ ၁၅ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က လောင်ကျွမ်းခဲ့သော မီးလောင်မှုမှာ တာယာအဟောင်းများကို ပေါင်းဖိုအတွင်း ပေါင်းရာမှ အပူလွန်ကဲပြီး တာယာများအရည်ပျော်၍ မီးတောက်ထွက်ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
မိနစ် ၃၀ ကျော်ကြာ မီးလောင်မှုကြောင့် တာယာအဟောင်း ၁ တန်ခန့် မီးလောင်ကျွမ်းခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

မီးလောင်မှုကို မီးငြိမ်းသတ်ယာဥ် ၆ စီး၊ ရေသယ်ယာဥ် ၃ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ကျော်ဖြင့်ငြိမ်းသတ်ခဲ့ရာ နံနက် ၉ာနာရီ ၁၈ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ပိုင်ရှင် အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။
