၁၆.၁၁.၂၀၂၅
Translated by Htwe Ko Tun
လူထောင်ပေါင်းများစွာက မက္ကဆီကိုနိုင်ငံတစ်ဝန်းတွင် အစိုးရ၏လုံခြုံရေးမူဝါဒများကိုဆန့်ကျင်လျက် မြို့များ၏ လမ်းများပေါ်သို့ နိုဝင်ဘာလ ၁၅ ရက်က ချီတက်ဆန္ဒပြခဲ့ကြကြောင်းသိရသည်။ ဆန္ဒပြသူများက အစိုးရအနေဖြင့် နိုင်ငံအတွင်းတိုးပွားလာနေသော အကြမ်းဖက်မှုများကို ထိန်းချုပ်ရန် ပျက်ကွက်ခဲ့သည်ဟု ပြောခဲ့ကြသည်။
သို့သော် သမ္မတ Claudia Sheinbaum က ဆန္ဒပြမှုများသည် “သဘာဝမကျ” ပြီး ပြည်ပမှ စီစဉ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ရာဇဝတ်မှုတိုက်ဖျက်ရေး မြို့တော်ဝန်တစ်ဦး နိုဝင်ဘာလဆန်းပိုင်းတွင် အသတ်ခံလိုက်ရခြင်းကလည်း ဆန္ဒပြမှုများဖြစ်စေရန် လှုံ့ဆော်ပေးသကဲ့သို့ရှိခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြပွဲများကို ကမ္ဘာတစ်ဝန်းးရှိ အခြားသော လူငယ်လှုပ်ရှားမှုများ၏ ပုံစံကဲ့သို့ပင် “Generation Z” ၏ အလံအောက်တွင်ပြုလုပ်ခဲ့ကြသည်။
မက္ကဆီကိုစီးတီးတွင် ဆန္ဒပြသူများက အသတ်ခံခဲ့ရသော နိုင်ငံအနောက်ဘက် မိချိုကန်ပြည်နယ်၊ ဥရူအာပန်မြို့တော်ဝန်ကို ရည်ညွှန်းပြီး “ကာလို့စ် မသေပါဘူး။ အစိုးရက သူ့ကို သတ်လိုက်တာပါ” ဟု ကြွေးကြော်ခဲ့ကြသည်။ နိုဝင်ဘာ ၁ ရက်နေ့တွင် ကျင်းပသော လူသေများနေ့ (Dia de Muertos) အခမ်းအနားတွင် ၎င်းက ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။
ခေါင်းစွပ်မျက်နှာဖုံးများဆောင်းထားသော ဆန္ဒပြသူအဖွဲ့ငယ်တစ်ဖွဲ့က မက္ကဆီကိုသမ္မတ ကလော်ဒီ ယာ ရှိန်ဘွမ်း နေထိုင်ပြီး အလုပ်လုပ်သည့် အမျိုးသားနန်းတော်ပတ်လည်ရှိ သတ္တုခြံစည်းရိုးများကိုပင် ဖြိုဖျက်ခဲ့ရာ မျက်ရည်ယိုဗုံးနှင့် မီးသတ်ဆေးဘူးများဖြင့် တုံ့ပြန်ခဲ့သော အဓိကရုဏ်းနှိမ်နင်းရေးရဲများနှင့် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။
“နာရီပေါင်းများစွာကြာအောင် ဒီလှုပ်ရှားမှုဟာ ငြိမ်းချမ်းစွာ ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး ဦးထုပ်ဆောင်းထားသော လူအုပ်စုတစ်စုက အကြမ်းဖက်မှုများ စတင်ကျူးလွန်ခဲ့ကြပါတယ်” ဟု မက္ကဆီကိုစီးတီး၏ လုံခြုံရေးအကြီးအကဲ ပါဘလို ဗက်ဇ်ကွက်ဇ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
မက္ကဆီကိုစီးတီး၏ လုံခြုံရေးအကြီးအကဲ ပါဘလို ဗက်ဇ်ကွက်ဇ်က “ဒီဆန္ဒပြမှုက နာရီတော်တော်ကြာအောင် ငြိမ်းချမ်းစွာ ဆက်လက်ဖြစ်ပေါ်နေခဲ့ရာက ဒီခေါင်းစွပ်မျက်နှာဖုံးဆောင်းထားတဲ့ လူအုပ်စုတစ်စုက အကြမ်းဖက်မှုတွေ စတင်ကျူးလွန်ခဲ့ကြတာပဲ” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
ဆန္ဒပြသူအချို့က လုံခြုံရေးတပ်ဖွဲ့များကို “သင်တို့အနေနဲ့ ကာလို့စ် မန်ဇိုကို ဒီလိုကာကွယ်သင့်တာ” ဟု အော်ဟစ်ခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။
မက္ကဆီကိုစီးတီး၏ အများပြည်သူလုံခြုံရေး အကြီးအကဲ ပါဘလို ဗက်ဇ်ကွက်ဇ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ရဲအရာရှိ ၁၀၀ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ကုသမှုခံယူရန် လိုအပ်သူ ၄၀ ဦး ပါဝင်ကြောင်း ပြောခဲ့သည်။
နောက်ထပ် အရပ်သား ၂၀ ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ၂၀ ဦးကို ဖမ်းဆီးခဲ့ပြီး နောက်ထပ် ၂၀ ဦးကို “အုပ်ချုပ်ရေးဆိုင်ရာ ပြစ်မှုများအတွက် လွှဲပြောင်းပေးခဲ့ကြောင်းလည်း ၎င်းကပြောခဲ့သည်။
ယခုအပတ်အစောပိုင်းတွင် သမ္မတ ရှိန်ဘွန်းက ဆန္ဒပြပွဲများအတွက် လှုံ့ဆော်မှုများကို မေးခွန်းထုတ်ခဲ့ပြီး သူမ၏ ပုံမှန်နံနက်ခင်း သတင်းစာရှင်းလင်းပွဲတွင် ဆန္ဒပြပွဲများသည် သဘာဝမကျနှင့် ငွေပေးချေဆန္ဒပြရသူများဖြစ်သည်ဟု ပြောကြားခဲ့သည်။
“ဒီလှုပ်ရှားမှုက အစိုးရကိုဆန့်ကျင်ဖို့ ပြည်ပမှ လှုံ့ဆော်ပေးတဲ့ လုပ်ရပ်တစ်ခုပဲ” ဟု မက္ကဆီကိုသမ္မတက ပြောကြားခဲ့ပြီး ၎င်းကို လက်ယာယိမ်း အတိုက်အခံ နိုင်ငံရေးပြိုင်ဘက်များက အဓိကအားဖြင့် စီစဉ်ပြီး လူမှုမီဒီယာအကောင့်များက လှုံ့ဆော်ပေးခဲ့သည်ဟုလည်း ဆိုခဲ့သည်။
Ref-DW News
