၁၅.၁၁.၂၀၂၅
Written By Thandar
Channel 7 နဲ့ For You Cinema Application တို့က ပူးပေါင်းတင်ဆက်တဲ့ ပရိသတ်စိတ်ဝင်စားစရာ ဇာတ်လမ်းတွဲ ၈ ကား မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ Zealax Hotel မှာ ကျင်းပခဲ့ပါတယ်။





“ဒီဇာတ်ကားလေးက အချစ်ဒရာမာလေးရော အပျော်လေးတွေပါပါတယ်။ မျိုးဆက်သုံးဆက်ကာရိုက်တာလေးဆိုတော့ ဇာတ်ကားဆုံးမှ သေချာလေးနားလည်ရမယ့် အကြောင်း အရာလေးတွေလည်းပါပါတယ်။ ဒီကားလေးက ခုလည်း Channel 7, For You Application မှာထုတ်လွှင့်နေတာမို့ ကြည့်ရှုအားပေးဝေဖန်ပေးကြပါဦးလို့ ပြောချင်ပါတယ်” လို့ သရုပ်ဆောင်ခြူးလေးက ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာတော့ ကျွန်မအချစ်ရဆုံးသော၊ တေလေမှတ်တိုင်၊ သင်တုန်းဓား၊ အဆိပ်သင့် ဝိုင်၊ 6/9 ဗာရာ၊ ရမ္မက်ကကြိုး၊ အမုန်းမျက်ရည်၊ ကျွန်မချစ်သူ သူ့ယောက်ျားဇာတ်လမ်းတွဲတွေကို မိတ်ဆက်ခဲ့တာလည်းဖြစ်ပါတယ်။





ဒီပွဲကိုတော့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တွေဖြစ်တဲ့ အေးချမ်းမောင်၊ ခင်လှိုင်၊ ညီနန္ဒ၊ ဘုန်းလျှံ၊ အုပ်စိုးခန့်၊ မင်းဘုန်းမင်းမြတ်၊ ကောင်းမြတ်စံ၊ မိုးညို၊ ဘုန်းမင်းနေလ၊ ထက်ထက်ထွန်း၊ ခြူးလေး၊ ဘေဘီမောင်၊ ယမုံမြင့်မြတ်၊ မေလသံစဉ်၊ သင်ဇာ၊ ဆုမြတ်နိုးစံ၊ စိုးမိုးကြည်၊ ထက်တွယ်တာမိုး စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
“ကျွန်မအချစ်ရဆုံးသော”ဇာတ်လမ်းတွဲကို နိုဝင်ဘာ ၂ ရက်နေ့ကတည်းက Channel 7, For You Application တို့မှာ ထုတ်လွှင့်ပြသနေလျက်ရှိပါတယ်။
