MT News
၁၃. ၁၁. ၂၀၂၅
ဝိုင်းမော်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၃ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၄၇ ကီလိုကျော်နှင့် စိတ်ကြွဆေးပြား ၇ သိန်းကျော်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲတွင် သတင်းအရ ဝိုင်းမော်မြို့နယ်၊ နတ်မြစ်ခတံတားအနီးတွင် လထော်နန်အောင် မောင်းနှင်ပြီး ဇခုန်ဒန်ရိန် လိုက်ပါလာသည့် TOYOTA HILUX REVO မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၄၇ ဒသမ ၅၂ ကီလို (၎င်းဒေသတန်ဖိုး ငွေကျပ် ၁ ဒသမ ၁၈၈ ဘီလျံ)နှင့် စိတ်ကြွဆေးပြား ၇ ဒသမ ၈ သိန်း (၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၁၇ ဘီလျံ)ကို ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသတန်ဖိုးငွေကျပ် ၂ ဒသမ ၃၅၈ ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူမှာ နမ့်ခမ်းမြို့နယ်နေ ခေါင်ဒေါင်(ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား နမ့်ခမ်းမှ ဝိုင်းမော်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Photo – MDN
