၁၂.၁၁.၂၀၂၅
Written By Thandar
Hein Production က အခြေခံလူတန်းစားဇာတ်ကို အခြေခံရိုက်ကူးထားတဲ့ ရိုမန့်ဇာတ်လမ်းပုံစံ “ချစ်သူ့ စေရာ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြိုနယ်ရှိ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ချစ်သူ့စေရာက ကျွန်တော့် အကိုကြီးက အပြင်မှာ တက်တူးကြီးတွေနဲ့ ခပ်ကြမ်းကြမ်းကြီးထင်ရမယ့် အရမ်းနူးနူးညံ့ညံ့လေးပေါ့။ ခပ်ဆိုးဆိုးကောင်လေးက နူးညံ့တဲ့အချစ်တွေရှိတာ မြင်ရတယ်။ လုံးဝအပြင်မှာတော့ Storng ဖြစ်တာလေ။ ဇာတ်ကားထဲမှာတော့ အရမ်းနူးညံ့ပြီးတော့ ဘယ်လောက်ချစ်ပြထားလဲဆိုတာ ကြည့်ကြည့်လိုက်ပါ” လို့ သရုပ်ဆောင် ဝင်းခန့်မိုးက ပြောပါတယ်။

အဆိုပါ ဇာတ်ကားရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို အေးကြည်သာဟန်၊ ဒါရိုက်တာ ပွင့်သိင်္ဂီဇော် (အရုဏ်ဦး) က သရုပ်ဆောင်တွေဖြစ်တဲ့ တိုင်ရွန်၊ ပိုးမမှီသာ၊ ဝင်းခန့်မိုး၊ အကယ်ဒမီ မေသန်းနု၊ နှင်း၊ ဇော်ဇော်အောင်၊ ရန်ပြေ (ကျော်ကြီး)၊ မိုရီဝိုင်း၊ သျှင်ဖုန်းနွယ်၊ သက်သက်ဦးဇင်စတဲ့သူတွေနဲ့ ရိုက်ကူးပါဝင်ထားကြပါတယ်။

“ချစ်သူ့စေရာ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
