နေမိုး
၁၂. ၁၁. ၂၀၂၅
မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်ရှိ မြင်သူလန်းအလှပြင်ဆိုင်ရှေ့တွင် အမျိုးသားသုံးဦးကို PDF များက ပစ်ခတ်သတ်ဖြတ်လိုက်သဖြင့် နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရမှု ဖြစ်ပွားခဲ့သည်ဟု ယနေ့ သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၉ ရက် ည ၁၀ နာရီ ၄၅ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မြေနီကုန်းရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားနှစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ထိုည ၁၀ နာရီ ၄၀ မိနစ်တွင် မော်လမြိုင်မြို့နယ်၊ မြေနီကုန်းရပ်ကွက်နေ ဦးတင်ကိုကိုဦး(၃၇)နှစ်၊ ကျိုက်မရောမြို့နယ်၊ ရေတွင်းကုန်းကျေးရွာနေသူများဖြစ်သည့် ဦးမာမက်အာယွန်း (ခ) မနီ (၃၅)နှစ်နှင့် ဦးဇွဲဝေယံထက် (၃၂) နှစ်တို့သည် လှိုင်ရပ်ကွက်မှ မြေနီကုန်းရပ်ကွက်ရှိ “မြင်သူလန်း” အလှပြင်ဆိုင်သို့ ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်ထွက်ခွာလာစဉ် ဆိုင်ရှေ့အရောက်၌ PDF နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးတင်ကိုကိုဦးနှင့် ဦးမာမက်အာယွန်း(ခ)မနီတို့တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးဇွဲဝေယံထက်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး မော်လမြိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။


နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
