၁၂.၁၁.၂၀၂၅
Written By Thandar
ဂီတလမ်းကြောင်းပေါ်မှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ သီရိဆွေတို့ တစ်ချိန်က အောင်မြင်ခဲ့တဲ့တေးသီချင်း “နင်နဲ့ငါနဲ့ ငါနဲ့နင်နဲ့” သီချင်းနဲ့ “အမြဲတမ်းယုံကြည်တယ်” သီချင်းဟောင်းနှစ်ပုဒ်ကို ယနေ့ နိုဝင်ဘာ ၁၂ရက်မှာ သီရိဆွေက ပရိသတ်ကို ပြန်လည်ဝေမျှလိုက်ပါတယ်။
“ဒီနေ့မှာတော့ Re:Memories ထဲက သီချင်းတွေဖြစ်တဲ့ “နင်နဲ့ငါနဲ့ ငါနဲ့နင်နဲ့” နဲ့ “အမြဲတမ်းယုံကြည်တယ်” တေးသီချင်းတွေကို YouTube မှာ တင်ပေးမှာပါ။ တစ်ချိန်က သီချင်းလေးတွေဆိုတော့ ပရိသတ်တွေလည်း အကြိုက်တွေ့စေမှာဖြစ်မယ်လို့ ယုံကြည်ပါတယ်”လို့ အဆိုတော် သီရိဆွေက ပြောပါတယ်။

အဆိုပါတေးသီချင်းကိုတော့ တေးရေးအနေနဲ့ စိုင်းစိုင်းခမ်းလှိုင်က ရေးသားပေးခဲ့တာလည်း ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်နဲ့ သီရိဆွေတို့က ပြန်လည်အကောင်းဆုံးသီဆိုပြီးတော့ Thiri Swe ရဲ့ YouTube တင်ပေးမှာလည်းဖြစ်ပါတယ်။ သူမကတော့ သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်လည်း ဖြစ်ပါတယ်။
သီရီဆွေကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မင်းစချော့ပါ သီချင်း၊ ဝေးဖို့အကြောင်း သီချင်း၊ အမြဲတမ်း ယုံကြည်တယ် သီချင်း၊ Yes I Do သီချင်းတွေကိုလည်း ဆက်တိုက်ဆိုသလို တင်ပေးနေတာလည်းဖြစ်ပါတယ်။
