၁၀.၁၁.၂၀၂၅
Written By Thandar
Mahar Original Series ဖြစ်တဲ့ မိသားစု ဒရာမာဇာတ်လမ်းပုံစံ “သစ္စာဖြင့်သာစီရင်စေ” ဇာတ်လမ်းတွဲ Press Show ပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ Sedona Hotel မှာ ကျင်းပခဲ့ပါတယ်။
“ဒီကားလေးက ရိုက်ကူးချိန် အခက်အခဲ ထွေထွေထူးထူး မရှိပါဘူး။ အမှတ်တရတစ်ခုကတော့ ကျွန်တော်တို့ တစ်နေကုန်ရိုက်ထားတဲ့ အခန်း၊ အက်တာတွေ တစ်ဖွဲ့လုံးကြိုးစားပြီး ရိုက်ထားတဲ့ ကတ်ပြားပျောက်သွားတယ်။ တော်တော်လည်း အသည်းကွဲသွားတယ်။ နောက်ဆုံးမရတဲ့အဆုံး ပြန်ရိုက်ရတယ်။ သရုပ်ဆောင်တွေက ဘယ်လို ပင်ပန်းထားတယ်ဆိုတာကို ကျွန်တော်ကိုယ်တိုင်လည်း သရုပ်ဆောင်ဆိုတော့ နားလည်တယ်။ ဒီကားမိသားစုဇာတ်လေးပါ။ လောင်တာတွေပဲ မဟုတ်ဘဲ လူတွေရဲ့ သစ္စာတရားက ဘယ်လောက်အရေးကြီးဆိုတာပါ ပြသထားပါတယ်”လို့ ဒါရိုက်တာ အကယ်ဒမီ မင်းဦးက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဝတ္ထုသျှင်မ၊ ဇာတ်ညွှန်း ကကြိုးသျှင်၊ ဒါရိုက်တာ အကယ်ဒမီ မင်းဦးက သရုပ်ဆောင်တွေအနေနဲ့ အေးချမ်းမောင်၊ ညီနန္ဒ၊ ကျော်ကျော်၊ နေထွဋ်၊ မယ်လိုဒီ၊ လင်းဇာနည်ဇော်၊ ဆုပန်ထွာ၊ ဖူးစုံ၊ ရွှေသမီး၊ ခြူးလေး၊ မိုးပွင့်ဖြူ၊ ယွန်းဝင့်လွှာအောင်၊ Kai ၊ ဂူဂူး၊ ပိုင်အိမ်ခ စတဲ့သူတွေနဲ့ ရိုက်ကူး ပါဝင်ထားကြပါတယ်။
အပိုင်း ၂၅ ပိုင်းပါဝင်တဲ့ “သစ္စာဖြင့်သာစီရင်စေ” ဇာတ်လမ်းတွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့မှာ Mahar Application နဲ့ Mahar Channel လိုင်းက ညနေ ၆ နာရီတိုင်းမှာ ထုတ်လွှင့်ပြနေလျက်ရှိပါတယ်။
#AyeChanMg #NyiNanda #KyawKyaw #NayHtut #Melody #LinZaNiZaw #SupanHtwar #PhueSone
ShweThamee #ChueLay #MoePwintPhyu #YuneWintHlwarAung #Kai #mahar #maharapplication #မဟာနဲ့ဆိုဇိမ်ပဲ #သစ္စာဖြင့်သာစီရင်စေဇာတ်လမ်းတွဲ











