၉. ၁၁. ၂၀၂၅
Written by MMAK

◾မန်စီးတီး Vs လီဗာပူး
မန်စီးတီးက နောက်ဆုံးဆယ့်သုံးပွဲမှာ ရှုံးပွဲတစ်ပွဲသာရှိခဲ့ပြီး ခြေစွမ်းကောင်းနေပေမဲ့ လီဗာပူးကတော့ ရုန်းကန်နေရတာ တွေ့ရပါတယ်။ သို့ပေမဲ့ ဗီလာနဲ့ရီးရဲမက်ဒရစ်ကို နှစ်ပွဲဆက်ပြန်နိုင်လိုက်တာကြောင့် ယုံကြည်မှုတော့ ပြန်ကောင်းနေနိုင်ပါတယ်။ ဒီပွဲစဥ်မှာ မန်စီးတီးအသင်းက ဘော်ဒီကြေးတစ်လုံးကိုးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်အရှုံးပေါက်ပါတယ်။ လီဗာပူးရဲ့အဝေးကွင်းပွဲတွေမှာ ဘရန့်ဖို့နဲ့ပဲလေ့စ်တို့လို အလယ်အလတ်အသင်းတွေကို ရှုံးခဲ့သလို ချဲလ်ဆီးကို အဝေးကွင်းမှာ ရှုံးခဲ့ပြီး မန်ယူကိုလည်း အိမ်ကွင်းမှာတင် ရှုံးခဲ့တာကြောင့် လီဗာပူးအသင်းရဲ့ အဝေးကွင်းခြေစွမ်းက အားရစရာ သိပ်မကောင်းပါဘူး။ မန်စီးတီးမှာ ဖိုဒန်ပြန်ကစားလာနိုင်တာကြောင့် ဟာလန်းအပြင် ဖိုဒန်ပါ ဂိုးတွေသွင်းပြနေသလို အိမ်ရှင်မန်စီးတီးဆီကနေ နှစ်ဂိုးလောက်ထိ မျှော်လင့်လို့ရပါတယ်။ ခြေစွမ်းပိုင်းမှာ တည်ငြိမ်မှု အားနည်းတဲ့ လီဗာပူးအသင်းကို ငြင်းပယ်ထားပြီး အိမ်ရှင်မန်စီးတီးကို ရွေးချယ်ပေးချင်ပါတယ်။
◾အက်စတွန်ဗီလာ Vs ဘုန်းမောက်
ဘုန်းမောက်က ခုနစ်ပွဲဆက် ရှုံးပွဲမရှိခဲ့ပေမဲ့ နောက်ဆုံးပွဲမှာတော့ မန်စီးတီးအသင်းကို ဂိုးပြတ်အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဗီလာကတော့ ကြားရက်မှာ ယူရိုပါလိဂ်ပွဲကစားခဲ့ရပြီး နိုင်ပွဲရခဲ့သလို နောက်ပိုင်းပွဲစဥ်တွေမှာ ခြေစွမ်းပိုင်းပြန်ကောင်းလာတာ တွေ့ရပါတယ်။ ဒီပွဲစဥ်မှာ ဗီလာအသင်းက ဘော်ဒီကြေး ပြားသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ပေါက်ပါတယ်။ လက်ရှိခြေစွမ်းအရဆို ဘုန်းမောက်အသင်းက အနည်းငယ်အသာရနေပြီး အိမ်ရှင်ဗီလာရဲ့ ပြားသုံးဆယ်ဆိုတဲ့ ဘော်ဒီကြေးကလည်း အနိုင်ရဖို့ခက်ပါတယ်။ ဘုန်းမောက်အသင်းက ဘယ်အသင်းကိုမှ ရှိန်မနေတတ်သလို ဗီလာကိုလည်း သွင်းဂိုးရအောင် ကစားပြနိုင်မယ်လို့ ထင်ပါတယ်။ အဝေးကွင်းငါးပွဲမှာ ကိုးဂိုးအထိ သွင်းထားနိုင်တဲ့ ဘုန်းမောက်အသင်းက ဒီပွဲမှာလည်း သေချာပေါက် ဂိုးရမယ်လို့ ယူဆထားတဲ့အတွက် ဗီလာအသင်းအနေနဲ့ နှစ်ဂိုးပြန်သွင်းမှ ကြေးအောင်မယ်လို့ ထင်ပါတယ်။ ဗီလာအသင်းက ကြားရက်မှာ ယူရိုပါလိဂ်ပွဲကစားခဲ့ရတာကြောင့် ပွဲပန်းမှုတွေလည်း ရှိနေနိုင်ပြီး အင်ပြည့်အားပြည့်ကစားလာမဲ့ ဘုန်းမောက်အသင်းကို အနိုင်ရဖို့ခက်မယ်လို့ ယူဆတာကြောင့် အောက်အသင်းဖြစ်တဲ့ ဘုန်းမောက်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။

◾ဘရန့်ဖို့ Vs နယူးကာဆယ်
ဘရန့်ဖို့အသင်းက အဝေးကွင်းမကောင်းပေမဲ့ အိမ်ကွင်းဆိုရင် လီဗာပူးနဲ့မန်ယူတို့လိုအသင်းကြီးတွေတောင် အနိုင်ရအောင် ကစားပြနိုင်ပါတယ်။ နယူးကာဆယ်က အဝေးကွင်းငါးပွဲကစားပြီးချိန်မှာ နိုင်ပွဲလုံးဝမရသေးသလို တိုက်စစ်ကလည်း နှစ်ဂိုးသာ သွင်းထားနိုင်ပါတယ်။ ဒီပွဲစဥ်မှာ နယူးကာဆယ်အသင်းက ဘော်ဒီကြေး ပြားနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စားပေါက်ပါတယ်။ နယူးကာဆယ်အသင်းက အထက်ကြေးပါးပါးလေး ပြန်ပေးထားတာ တွေ့ရတာကြောင့် အဝေးကွင်းအရမ်းညံ့တဲ့ နယူးကာဆယ်ဆီကနေ သွင်းဂိုးရမယ်လို့ ယူဆထားသလို ဘရန့်ဖို့အသင်းကလည်း တိုက်စစ်နဲ့ပဲ တုံ့ပြန်လာမယ်လို့ ထင်ပါတယ်။ ဂိုးပေါင်းကြေး ပျော့နေပေမဲ့ တစ်သင်းသင်းသာ ဂိုးအရင်ရသွားရင် ကျန်တဲ့တစ်သင်းက တိုက်စစ်ဖွင့်ကစားလာနိုင်တဲ့ ပွဲစဥ်မျိုး ဖြစ်လာမှာပါ။ ဒီပွဲစဥ်မှာ ပထမပိုင်းမှာသာ တစ်ဂိုးလောက်ရခဲ့ရင် ပွဲပြီးချိန်မှာ သုံးဂိုးလောက်မြင်ရဖို့ မခက်ခဲပါဘူး။ နောက်ဆုံးတွေ့ဆုံမှု လေးကြိမ်မှာလည်း အပြန်လှန်ဂိုးတွေနဲ့ ဂိုးပေါ်ထားခဲ့သလို ဒီပွဲမှာလည်း အပြန်အလှန်ဂိုးတွေ မြင်ရနိုင်လို့ ဂိုးပေါ်တစ်ခုတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ပဲလေ့စ် Vs ဘရိုက်တန်
အလယ်အလတ်နှစ်သင်း ထိပ်တိုက်တွေ့နေတာဖြစ်သလို ခြေစွမ်းကောင်းနေတဲ့နှစ်သင်းလည်း ဖြစ်ပါတယ်။ နှစ်သင်းလုံးက အနိုင်ရသင့်တဲ့ပွဲကို အနိုင်ရအောင်ကစားနိုင်သလို အသင်းကြီးတွေကိုလည်း ဖျက်မျဥ်းတစ်သင်းလို အမှတ်လျော့အောင် ကစားပြနိုင်ပါတယ်။ သို့ပေမဲ့ ပဲလေ့စ်အသင်းက အိမ်ကွင်းဖြစ်နေသလို မာကျောမှုအပိုင်းမှာတော့ အနည်းငယ် အသာရထားတယ်လို့ ထင်ပါတယ်။ ဒီပွဲစဥ်မှာ ပဲလေ့စ်အသင်းက ဘော်ဒီကြေး ပြားသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ပေါက်ပါတယ်။ ဘရိုက်တန်အသင်းက အဝေးကွင်းငါးပွဲကစားပြီးချိန်မှာ ပွဲတိုင်းဂိုးပေးထားရသလို ဆယ်ဂိုးအထိပေးထားရတဲ့ခံစစ်က တစ်ပွဲကို နှစ်ဂိုးနှုန်းလောက် ပေးနေရတာ တွေ့ရပါတယ်။ ဒီအချက်က ပဲလေ့စ်အသင်း သွင်းဂိုးရသွားနိုင်တဲ့အချက်ဖြစ်သလို အိမ်ကွင်းရှုံးပွဲလုံးဝမရှိသေးတဲ့ ပဲလေ့စ်အသင်းကို ခံစစ်ညံ့တဲ့ ဘရိုက်တန်အနေနဲ့ အနိုင်ရသွားဖို့ ခက်ခဲမယ်လို့ ထင်ပါတယ် ။ ဘော်ဒီကြေး ပြားသုံးဆယ်ဆိုတာ အနည်းငယ်ပျော့နေပေမဲ့ ပဲလေ့စ်အသင်း မရှုံးနိုင်ဘူးလို့ ယူဆထားပြီး အနိုင်ရစရာရှိရင် ပဲလေ့စ်အသင်း အနိုင်ရသွားမယ်လို့ ထင်ပါတယ်။ ဒီအတွက်ကြောင့် ပြားသုံးဆယ်ရင်းပြီး အိမ်ရှင်ပဲလေ့စ်အသင်းရဲ့အရိပ်အောက်မှာပဲ ခိုလှုံသင့်ပါတယ် ။

◾နော်တင်ဟန်ဖောရက် Vs လိဒ်
လိဒ်အသင်းရဲ့ခြေစွမ်းက သိပ်မဆိုးပေမဲ့ အရမ်းကောင်းနေတာမျိုး မဟုတ်တာကြောင့် တန်းတက်လိဒ်ကိုလည်း တန်းဆင်းဇုန်ရုန်းရမဲ့အသင်းတစ်သင်းလို့ သတ်မှတ်ထားပါတယ်။ ဖောရက်အသင်းကို ရှောင်ဒိုက်ကိုင်တွယ်ထားတဲ့ လေးပွဲမှာ တစ်ပွဲနိုင်တစ်ပွဲရှုံးနဲ့ နှစ်ပွဲသရေဖြစ်ထားတာကြောင့် အရမ်းကြီး ဆိုးရွားမနေဘဲ လက်ခံလို့ရတဲ့ အခြေအနေဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဖောရက်အသင်းက ခြောက်မှတ်ရထားပြီး လိဒ်က ဆယ့်တစ်မှတ်ရထားတာကြောင့် လိဒ်နိုင်သွားရင် တန်းဆင်းဇုန်နားမှာပဲ ရှိနေစေချင်တဲ့လိဒ်ကို အထက်ပိုင်းကို ရောက်မသွားစေချင်ပါဘူး။ ဖောရက်အသင်းအနေနဲ့ သရေနဲ့အနိုင် တစ်ခုခု ရယူထားနိုင်မှ ပိုကြည့်လို့ကောင်းတဲ့ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ပွဲတွေကို မြင်ရမယ်လို့ ထင်ပါတယ်။ ခုချိန်မှာ တန်းဆင်းဇုန်အကြောင်းပြောတာ စောသေးတယ်ဆိုပေမဲ့ ပရိသတ်စိတ်ဝင်စားမှုပိုကောင်းအောင် လုပ်ပြချင်တယ်ဆို အဝေးကွင်းကစားရမဲ့ လိဒ်အသင်း အနိုင်ရသွားစရာ မရှိပါဘူး။ ဒီပွဲစဥ်မှာ ဖောရက်အသင်းက ဘော်ဒီကြေး ပြားလေးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးလေးဆယ်အရှုံးပေါက်ပါတယ်။ ဒီပေါက်ကြေးက ဖောရက်အသင်း တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်ရင်နိုင် မနိုင်ရင် တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးမယ်လို့ ယူဆရမှာပါ။ လိဒ်အသင်းကတော့ အနိုင်ရသွားမယ်လို့ မထင်ထားတဲ့အတွက် အိမ်ရှင်နော်တင်ဟန်ဖောရက်အသင်းကို ပြားလေးဆယ်ရင်းပြီး နေထိုင်သင့်ပါတယ်။

