၉.၁၁.၂၀၂၅
Written By Min Thet
အမေရိကန်နိုင်ငံသားတစ်ဦးပါဝင်သည့် နိုင်ငံခြားသား ၃ ဦးကို မြဝတီဘက်သို့ ပို့ဆောင်မည့် ဆင်းမ်ကတ်များပါ ဖုန်းအလုံးရေ ၁၀၀၀ နှင့် ယနေ့ ဖမ်းမိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ယနေ့ နိုဝင်ဘာလ ၉ နက် နံနက်အစောပိုင်းက ထိုင်းနိုင်ငံမှတစ်ဆင့် ကရင်ပြည်နယ်၊ မြဝတီဘက်သို့ ပို့ဆောင်မည့် ဆင်းမ်ကတ်များပါရှိသည့် ဖုန်းအလုံးရေ ၁၀၀၀ နှင့်အတူ နိုင်ငံခြားသား ၃ ဦးကို စလကဲ့ယောက်ခရိုင်၊ အလန်ယပရထေ့မြို့နယ်၊ နွန်ခီလက်ကျေးရွာအနီးကင်းလှည့်နေသည့် ထိုင်းတပ်မတော်က တွေ့ရှိ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။





ယင်းအဖမ်းခံရသူ နိုင်ငံခြားသား ၃ ဦးမှာ အမေရိကန်နိုင်ငံသားတစ်ဦး၊ တရုတ်နိုင်ငံသားတစ်ဦးနှင့် အိန္ဒိယ နိုင်ငံသားများဖြစ်ကြောင်း သိရသည်။
စစ်ဆေးချက်အရ ၎င်းတို့ ၃ ဦးကို တရုတ်နိုင်ငံသားတစ်ဦးက ငှားရမ်းသဖြင့် အဆိုပါ ဖုန်းများကို ထိုင်း- ကမ္ဘောဒီးယား နယ်စပ်၊ စလကဲ့ယောက်ခရိုင်မှတစ်ဆင့် ကရင်ပြည်နယ်၊ မြဝတီဘက်ရှိ ကျားဖြန့်လုပ်ငန်းတစ်ခုသို့ သွားရောက်ပို့ဆောင်ရန် ယူဆောင်လာခြင်းဖြစ်ကြောင်း ဝန်ခံထွက်ခဲ့ကြောင်း သိရသည်။
ယခုအခါ ဖမ်းဆီးရမိသူများကို ခလောင်နမ်းစိုင်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး အမှုတွင် ပါဝင်ပတ်သက်သူများအား ဆက်လက်ဖမ်းဆီးရမိနိုင်ရေးအတွက် စုံစမ်းနေကြောင်း သိရသည်။
