၇.၁၁.၂၀၂၅
Written By Thandar
နဒီရွှေရည်ထုတ်လုပ်ရေးက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းပုံစံ “တိုးတိုးလေးချစ်မယ်”ဇာတ်လမ်းတွဲ Media Press Show ပွဲအခမ်းအနားကို နိုဝင်ဘာ ၆ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ Zealax Hotel မှာ ကျင်းပခဲ့ပါတယ်။
“တိုးတိုးလေးချစ်မယ်က ကျွန်တော့်ရဲ့ ပထမဆုံး Series ဖြစ်ပါတယ်။ ကျွန်တော်က ဈာန်ရဲ အိမ်ထောင်သည် အမျိုးသားတစ်ယောက်အနေနဲ့ ပါဝင်ထားပါတယ်။ အပြင်မှာလည်း သူငယ်ချင်းတွေဆိုတော့လေ ရှုတင်သွားတာမဟုတ်ဘဲ တွေ့ဆုံပွဲတစ်ခုလိုပါပဲ။ တော်တော်လေးလည်း ပျော်ဖို့ကောင်းပါတယ်။ ဒီကားက ရိုမန့်ပုံစံလေးဆိုတော့ ပျော်ရွှင်ကြည်နူးစရာလည်းဖြစ်တော့ မပွင့်ကလည်း အေးအေးဆေးဆေးဆိုတော့လေ။ ရိုက်ကူးခွင့်ရတာတကယ်ကို အမှတ်တရပါပဲ။ လက်ရှိလည်း အပိုင်း ၄ အထိထုတ်လွှင့်ထားပြီမို့ ဆက်လက်အားပေးကြပါလို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် ပိုင်တံခွန်က ပြောပါတယ်။









အဆိုပါဇာတ်လမ်းတွဲကို ဇာတ်လမ်း ဒီဒီထက်အောင်၊ ဇာတ်ညွှန်း ထက်မြတ်နိုင်ဇင်၊ ဒီဒီထက်အောင်တို့က ရေးသားထားပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးထားသလို သရုပ်ဆောင်တွေဖြစ်တဲ့ ပိုင်တံခွန်၊ ညီနန္ဒ၊ ရဲလွင်ဦး၊ စည်သူရဲထွဋ်၊ အောင်ဘုန်းထွဋ်၊ လီလီကျော်ခိုင်၊ Ashwarya Kumar၊ အမရာဘုဏ်း၊ ခင်သော်တာစံနဲ့ အခြားသရုပ်ဆောင်များစွာ ပါဝင်ထားကြပါတယ်။
အပိုင်း (၁၆) ပိုင်းပါဝင်မယ့် “တိုးတိုးလေးချစ်မယ်” ဇာတ်လမ်းတွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်ကစ တနင်္လာနေ့ကနေ သောကြာနေ့အထိ HEY Play Application၊ HEY Play YouTube Channel နဲ့ MRTV-4 ရုပ်သံလိုင်းက ည ၈ နာရီ ၅၀ မိနစ်တို့မှာ ထုတ်လွှင့်ပြသနေလျက်ရှိပါတယ်။
