၆.၁၁.၂၀၂၅
Written By Thandar
Mahar Original Series ဖြစ်တဲ့ “သစ္စာဖြင့်သာစီရင်စေ” ဇာတ်လမ်းတွဲကြီးထဲမှာ အတ္တ၊ မာန်မာန၊ လောဘတွေနဲ့ ပြည့်နေတဲ့ အမျိုးသမီးတစ်ယောက် ကာရိုက်တာနေရာကပါဝင်ထားတယ်လို့ သရုပ်ဆောင် မယ်လိုဒီက ဖွင့်ဟလာပါတယ်။
“သစ္စာဖြင့် စီရင်စေဇာတ်လမ်းတွဲမှာ မျိုးက ဒါရိုက်တာအနေနဲ့ ကိုမင်းဦးရိုက်တာဖြစ်တာကြောင့်ရယ်၊ နောက် Mahar ကရိုက်တာကြောင့်ရယ်မို့ လက်ခံရိုက်ဖြစ်တာပါ။ ရှေ့ Series တစ်ခုမှာ မျိုးက မရိုက်ဖြစ်လိုက်ခဲ့ဘူးလေ။ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ချင်တာရယ်ကြောင့် ရိုက်ဖြစ်ခဲ့တာပါ။ ဒီကားမှာက ကိုယ့်ဘဝအတွက် ကိုယ်ရပ်တည်တတ်တဲ့သူ မိမိသွင်ဆိုတဲ့ အမျိုးသမီးပေါ့။ အတ္တတွေ၊ မာန်မာနတွေ၊ နောက်လောဘတွေပါတဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ မျိုးအတွက် ဒီဇာတ်ကားမှာ သေချာလေးပြင်ဆင်မှုတွေ ရိုက်ကူးခဲ့တာမို့ ပရိသတ်တွေ အားပေးကြပါဦးလို့ပြောချင်ပါတယ်”လို့ အကယ်ဒမီ မယ်လိုဒီက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဝတ္ထုသျှင်မ၊ ဇာတ်ညွှန်း ကကြိုးသျှင်၊ ဒါရိုက်တာ အကယ်ဒမီ မင်းဦးက သရုပ်ဆောင်တွေအနေနဲ့ အေးချမ်းမောင်၊ ညီနန္ဒ၊ ကျော်ကျော်၊ နေထွဋ်၊ မယ်လိုဒီ၊ လင်းဇာနည်ဇော်၊ ဆုပန်ထွာ၊ ဖူးစုံ၊ ရွှေသမီး၊ ခြူးလေး၊ မိုးပွင့်ဖြူ၊ ယွန်းဝင့်လွှာအောင်၊ Kai၊ ဂူဂူး၊ ပိုင်အိမ်ခ စတဲ့သူတွေနဲ့ ရိုက်ကူးပါဝင်ထားကြပါတယ်။
“သစ္စာဖြင့်သာစီရင်စေ” ဇာတ်လမ်းတွဲကို မနက်ဖြန် နိုဝင်ဘာ ၇ ရက်နေ့မှာ Mahar Application နဲ့ Mahar Channel လိုင်းက ညနေ ၆ နာရီတိုင်းမှာ ထုတ်လွှင့်ပြသွားမှာလည်းဖြစ်ပါတယ်။
#AyeChanMg #NyiNanda #KyawKyaw #NayHtut #Melody #LinZaNiZaw #SupanHtwar #PhueSone
ShweThamee #ChueLay #MoePwintPhyu #YuneWintHlwarAung #Kai #mahar #maharapplication #မဟာနဲ့ဆိုဇိမ်ပဲ #သစ္စာဖြင့်သာစီရင်စေဇာတ်လမ်းတွဲ




