၄. ၁၁. ၂၀၂၅
Written by Thettant
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရသူ နိုင်ငံခြားသားများထဲတွင် မြန်မာနိုင်ငံသား အနည်းဆုံး ၁၀၂ ဦးဝင်သည်ဟု Malaysia Myanmar Association(MMA) က သတင်း ထုတ်ပြန်သည်။
မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက လုပ်ငန်းခွင်အတွင်းနှင့် ဒေသခံများ၏ တိုင်ကြားမှုကြောင့် မလေးရှားနိုင်ငံတစ်ဝန်း အောက်တိုဘာလအတွင်း ဖမ်းဆီးခဲ့သူ နိုင်ငံခြားသား ၁၃၁၁ ဦးရှိခဲ့ပြီး ထိုအထဲတွင် မြန်မာနိုင်ငံသား ၁၀၂ ဦးပါဝင်နေခြင်းဖြစ်သည်။

လက်ရှိ ဖမ်းဆီးခံစာရင်းမှာလည်း MMA အဖွဲ့၏ စုဆောင်းမိသလောက်သာဖြစ်ပြီး ထို့ထက်လည်းပိုမို များပြားနိုင်သည်ဟုလည်း သိရသည်။
ဖမ်းဆီးခံရချိန် အခက်အခဲကြုံနေသူများ၊ တရားရုံးရင်ဆိုင်နေရသူများ၊ ရှေ့နေအခက်အခဲရှိသူများ၊ ထောင်ဝင်စာသွားတွေ့ရန် အခက်အခဲရှိသူများနှင့် လူဝင်မှုကြီးကြပ်ရေး စခန်း လူတွေ့ချင်သူများအနေဖြင့် အကူညီတောင်းခံနိုင်သည်ဟုလည်း Malaysia Myanmar Association(MMA) က ပြောသည်။
