MT News
၃၀. ၁၀. ၂၀၂၅
တရုတ်နိုင်ငံ Harbin United Aircraft Technology Co., Ltd က သုတေသနပြု ထုတ်လုပ်ထားသော T1400 Tandem မောင်းသူမဲ့ ရဟတ်ယာဉ်သည် ဟေးလုံကျန်းပြည်နယ်၊ ဟားအယ်ပင်းမြို့၌ အောက်တိုဘာ ၃၀ ရက်တွင် ပထမဆုံးအကြိမ် ပျံသန်းမှု အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

ထိုမောင်းသူမဲ့ရဟတ်ယာဉ်၏ အများဆုံး တင်ဆောင်ပျံသန်းနိုင်သည့် အလေးချိန်သည် ၁,၄၀၀ ကီလိုဂရမ် (၁ ဒသမ ၄ မက်ထရစ်တန်)၊ အကြာဆုံး ဆက်တိုက်ပျံသန်းချိန်သည် ၈ နာရီ၊ အမြင့်ဆုံးပျံသန်းနိုင်သည့် အမြင့်သည် ၆၅၀၀ မီတာ၊ အမြင့်ဆုံး ရေပြင်ညီ ပျံသန်းမှုအမြန်နှုန်း တစ်နာရီလျှင် ၁၈၀ ကီလိုမီတာအထိ ရှိကာ အင်ဂျင်နှစ်လုံး၊ အပိုဆောင်း ပျံသန်းမှုထိန်းချုပ်စနစ်နှင့် ခိုင်မာအားကောင်းသည့် ပေါင်းစပ်ပစ္စည်းဖွဲ့စည်းပုံများ အသုံးပြုထားပြီး အလွန်ကြီးမားသော ဝန်တင်နိုင်စွမ်းနှင့် နေရာအခင်းအကျင်း ကျယ်ပြန့်မှု ရှိသည်။

စမတ်အသွင်နှင့် အလိုအလျောက်လုပ်ဆောင်နိုင်စွမ်းများ ပိုင်ဆိုင်ထားသဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောထိန်းသိမ်းလုပ်ငန်း၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး၊ သစ်တောမီးအန္တရာယ်ကာကွယ်ရေးစသည့် နယ်ပယ်များတွင် ကျယ်ပြန့်သော အသုံးချမှု အလားအလာများရှိကြောင်း သိရသည်။

Ref, Xinhua
