၂၃.၁၀.၂၀၂၅
Translated by Htwe Ko Tun
ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ ရုရှားအနေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်ရဲ့ တုံ့ဆိုင်းဆုံ့ဆိုင်းဖြစ်နေတဲ့ ငြိမ်းချမ်းရေးတွန်းအားပေးမှုကို ရင်ဆိုင်နေရချိန်မှာပဲ ဥရောပသမဂ္ဂက ရုရှားအပေါ် ဆက်လက်ဖိအားပေးဖို့ ကြိုးပမ်းမှုအနေနဲ့ ၂၀၂၂ ခုနှစ် ယူကရိန်းစစ်ပွဲစဖြစ်ချိန်ကစလို့ ဥရောပသမဂ္ဂ ရဲ့ ရုရှားအပေါ် ၁၉ ခုမြောက်ပိတ်ဆို့မှုကို ပြဌာန်းဖို့ အောက်တိုဘာလ ၂၂ ရက်က သဘောတူခဲ့ကြပါတယ်။
ဥရောပသမဂ္ဂရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဒိန်းမတ်နိုင်ငံက ဥရောပသမဂ္ဂအနေနဲ့ ရုရှားနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တို့မှ ရရှိတဲ့ဝင်ငွေကို ထိခိုက်ကန့်သတ်မှုရှိစေဖို့ ခုလို ပိတ်ဆို့မှုတိုးချဲ့ဖို့ သဘောတူခဲ့ကြတယ်လို့ ပြောခဲ့ပါတယ်။
ပိတ်ဆို့မှုအသစ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံပါဝင်တဲ့ ဥရောပသမဂ္ဂဟာ ရုရှားမှ သဘာဝဓာတ်ငွေ့ရည် တင်သွင်းမှုကို ၂၀၂၇ ခုနှစ်ဆန်းအထိ တစ်နှစ်တားမြစ်ပိတ်ပင်ခဲ့တာပါ။
ရုရှားနိုင်ငံရဲ့ ၀င်ငွေတွေကို ထိပါးစေဖို့ ကြိုးပမ်းမှုတွေအနေနဲ့ သူလျှိုလုပ်တယ်လို့ သံသယရှိတဲ့ ရုရှားသံတမန်တွေကို ဥရောပသမဂ္ဂက ဥရောပတစ်ခွင် ခရီးသွားလာမှုအပေါ် ထိန်းချုပ်မှုတွေ ပြုလုပ်ကာ နှိမ်နင်းဖို့ ကြိုးပမ်းခဲ့တာပါ။
အဆိုပါ အစီအစဉ်အသစ်တွေအရ ရုရှားသံတမန်တွေက သူတို့တာဝန်ကျရာနိုင်ငံမှ ပြည်ပသို့ ဥရောပတိုက်အတွင်း ခရီးထွက်ရင် သူတို့ရောက်ရှိတဲ့ နိုင်ငံတွေမှာ အာဏာပိုင်တွေကို အကြောင်းကြားရမှာ ဖြစ်ပါတယ်။
ဒီအဆိုပြုချက်တွေကို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးဟာ ဘရပ်ဆဲလ်မှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေး ဥရောပခေါင်းဆောင်တွေနဲ့ အောက်တိုဘာလ ၂၄ ရက်မှာမတွေ့ဆုံခင် တရားဝင်လက်ခံမှာဖြစ်ပါတယ်။
Ref-AFP
