၁၅. ၁၀. ၂၀၂၅
Written by Thettant
သန်လျင်မြို့မစျေးအနီးရှိ မြဟံသာ ရုပ်ရှင်ရုံမှာ ယနေ့ညဦးပိုင်းက တစ်ရုံလုံးနီးပါး မီးလောင်ပျက်စီးသွားခဲ့သည်။

ထို့ဖြစ်စဥ်အပေါ် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနကလည်း ယနေ့ည ၈ နာရီ ၁၇ မိနစ် အချိန်ခန့်က
သန်လျင်မြို့နယ်၊ မြို့သစ်အနောက်ရပ်ကွက်၊ ဗိုလ်ချုပ်နေဝင်းလမ်း၊ မြို့မဈေးအနီး မီးလောင်မှု
ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သန်လျင်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာ ငြှိမ်းသတ်ရာ ည ၈ နာရီ ၃၈ မိနစ်အချိန် မီးထိန်းနိုင်ခဲ့ပြီး ည ၈ နာရီ ၄၃ မိနစ် အချိန် မီးငြိမ်းခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ကနဦးစုံစမ်းချက်အရ လက်ရှိတွင်လည်း ရုပ်ရှင်ပြသနေသော မြဟံသာရုပ်ရှင်ရုံမီးလောင်မှုတွင် လူထိခိုက်မှုမရှိကြောင်းနှင့် တစ်ရုံလုံးနီးပါး လောင်ကျွမ်းသွားသော ထို မီးလောင်မှုဖြစ်စဥ်ကို ဖြစ်ပွားရခြင်းအပေါ် တာဝန်ရှိသူကများက စစ်ဆေးဆဲဖြစ်ကြောင်း ပါဝင်ကူညီခဲ့သည့် ပရဟိတသမားတစ်ဦးထံမှ သိရသည်။
