




၁၄. ၁၀. ၂၀၂၅
Written by Nyein Kyaw
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာ ၁၅ ရက် (မနက်ဖြန်) နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-I) တွင် ကျင်းပမည်ဖြစ်သည်။
အဆိုပါအခမ်းအနားကို ယင်းနေ့ နံနက် ၈ နာရီ ၄၅ မိနစ်မှ စတင်ကာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV HDI MRTV News MRTV Parliament NRC Channel Farmers’ Channel MITVI အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရုပ်သံလိုင်းများဖြစ်သော MNTVI Skynet Up to Date နှင့် Readers’ Channel တို့အပြင် မိတ်ဖက်ရုပ်သံလိုင်းများဖြစ်ကြသည့် MWD HD၊ MWD Variety Channel တို့မှလည်းကောင်း၊ MOI Website၊ MOI Youtube၊ MRTV APP အပါအဝင် MRTV Online Platform တို့မှလည်းကောင်း တိုက်ရိုက်(LIVE) ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ထို့ပြင် မြန်မာ့အသံရေဒီယို၊ သဇင် FM၊ မန္တလေး FM၊ ပဉ္စ၀တီ FM၊ ရွှေ FMI ၊ ပတ္တမြား FMI ၊ FM ပုဂံ၊ ချယ်ရီ FM နှင့် Star FM၊ မြန်မာ့အသံ Radio App တို့မှလည်း တိုက်ရိုက် (LIVE) ထုတ်လွှင့်မည် ဖြစ်သည်။
ပုံစာ- ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ကျင်းပသည့် NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံတော်အကြီးအကဲနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တက်ရောက်သည့် ကိုယ်စားလှယ်များကို တွေ့ရစဉ်။
