၃.၁၀.၂၀၂၅
Written By Thandar






စင်ကာပူနိုင်ငံရဲ့ Asia Academy Creative Awards (AACA) ပွဲမှာ နွယ်ဇာတ်ကားက သရုပ်ဆောင်ယမင်းမေဦးက အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ( Best Leading Actress) National Winner အဖြစ်ရွေးချယ်ခံရတဲ့အတွက် အရမ်းပျော်တယ်လို့ ဆိုပါတယ်။
အဆိုပါ နှစ်စဥ်ကျင်းပနေတဲ့ အာရှအနုပညာဖန်တီးမှုဆိုင်ရာအကယ်ဒမီဆုပေးပွဲကြီး AACA က နိုင်ငံအသီးသီးကိုယ်စားပြု National Winner တွေကို ထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။
“ယမင်းတို့ရဲ့ Unbreakable Vows Team ဂုဏ်ယူမိပါတယ်။ မြတ် ကာရိုက်တာက ယမင်းအတွက်တော့ မှတ်တိုင်တစ်ခုပါပဲ။ စိတ်ရောကိုယ်ရောနှစ်ပြီး အကောင်းဆုံးကြိုးစားခဲ့တဲ့ မြင့်မြတ်သွယ်ကာရိုက်တာနဲ့ Asian Academy Creative Awards 2025 မှာ National Winner အဖြစ် ရွေးချယ်ခံရတဲ့အတွက် အရမ်းပျော်ပါတယ် “လို့ သရုပ်ဆောင် ယမင်းမေဦးက ရင်ဖွင့်လာပါတယ်။
အဆိုပါ National Winner စာရင်းထဲမှာ CANAL+ MYANMAR ရဲ့ကိုယ်ပိုင်ဖန်တီးမှုဇာတ်လမ်းတွဲတွေဖြစ်ကြတဲ့ “ကြောက်သလားမမေးနဲ့”ဇာတ်ကားဟာ အကောင်းဆုံးဟာသရုပ်သံအစီအစဥ်ဆုနဲ့ “နွယ်” ဇာတ်လမ်းတွဲဟာဆိုရင် ဒရာမာဇာတ်လမ်းတွဲဆု၊ “မြ”ဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်တေး “အချိန်တန်ပြီ” ဇာတ်ကားဟာဆိုရင် အကောင်းဆုံးဇာတ်ဝင်တေးသီချင်းဆုတို့မှာအသီးသီး နိုင်ငံကိုယ်စားပြု National Winner ဆု ရရှိခဲ့ပြီး “နွယ်”ဇာတ်လမ်းတွဲရဲ့ သရုပ်ဆောင် “ယမင်းမေဦး”က ကလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ( Best Leading Actress) မှာ National Winner ကို အရယူနိုင်ခဲ့ပါတယ်။
“ယမင်းတို့ မြတ်ရဲ့ Team တစ်ခုလုံးကို အမှတ်ရခြင်းများစွာဖြင့် တစ်ကယ်ကို Team တစ်ခုလုံး စည်းစည်းလုံးလုံးနဲ့ မောင်နှတွေလို အရမ်းပျော်ခဲ့ရတယ်”လို့ သူမက ဆက်ပြောပါတယ်။
