နေမိုး
၂၈. ၉. ၂၀၂၅

NUG မှာ ဒုဝန်ကြီးလုပ်နေတဲ့ မာခိုးအီချစ်ထွန်းဟာ လွန်ခဲ့တဲ့သုံးရက်က သေဆုံးသွားတယ်လို့ NUG က ဒီနေ့ ဝန်ခံထုတ်ပြန်ပါတယ်။
ကယားလူမျိုး မာခိုးအီချစ်ထွန်းဟာ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ရဲ့ ဗဟိုကော်မတီဝင်လည်းဖြစ်ပြီး NUG ရဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနမှာ ဒုဝန်ကြီးအဖြစ် ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့က စတင် တာဝန်ယူခဲ့တာပါ။
မာခူးအီချစ်ထွန်းဟာ အသည်းကင်ဆာနဲ့ သေခဲ့တာဖြစ်ပြီး ကင်ဆာနောက်ဆုံးအဆင့်ကြမှ နယ်စပ်ဆေးရုံပို့နိုင်ခဲ့သလို သေဆုံးချိန်က ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက် နေ့လယ် ၁၂ နာရီ ၉ မိနစ်မှာဖြစ်ပေမဲ့ NUG ကတော့ ဒီနေ့ စက်တင်ဘာ ၂၈ ရက်မှာ ဝန်ခံ ထုတ်ပြန်လာတာပါ။
NUG ဟာ လေလှိုင်းအစိုးရအဖွဲ့ဖွဲ့ခဲ့တဲ့ လေးနှစ်ကျော်အတွင်းမှာ မာခူးအီချစ်ထွန်းက ပထမဆုံးသေဆုံးခဲ့တာလည်းဖြစ်ပါတယ်။
