၂၈.၉.၂၀၂၅
Written By Thandar





ဒေါက်တာအောင်မျိုးသူနဲ့သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်တို့ရဲ့ “ရွှေပိုးတိုက်ပုံ” (ရန်ကုန်) ဆိုင်သစ်နေရာသစ်ပြောင်းရွှေ့ဖွင့်ပွဲ အခမ်းအနားကို ယနေ့ စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ ၄/၆ ရပ်ကွက်၊ ဗြဟ္မစိုရ်လမ်းရှိ အမှတ် (၆၇၉)မှာ အနုပညာရှင်တွေနဲ့အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။
“ဒီနေ့ကတော့ အမတို့ ရွှေပိုးတိုက်ပုံရဲ့ ၁၃ နှစ်ပြည့်လေးလည်းဖြစ်သလို ဆိုင်နေရာလေး ပြောင်းရွှေ့ဖွင့်လှစ်တာပါ။ ဆိုင်ရဲ့ သက်တမ်းလေးတော့ နည်းနည်းလေးတော့ကြာပါပြီ။ ဆိုင်ခွဲ ၃ ဆိုင်မြောက်ကို ဖွင့်လှစ်နိုင်လို့လည်း ပီတိဖြစ်ရပါတယ်။ အမကို မှီခိုနေတဲ့ ကလေးတွေကို ပုံမှန်လစာတွေပေးနိုင်ဖို့ လှူချင်တာလေးတွေလည်းရှိတော့ အမကကြိုးစားခဲ့တာပါ”လို့ သရုပ်ဆောင်လှမျိုးသဉ္ဇာနွယ်က ပြောပါတယ်။
အဆိုပါဆိုင် ၃ ဆိုင်မြောက်ဖွင့်ပွဲကို အနုပညာရှင်တွေဖြစ်တဲ့ ဘုန်းလျှံ၊ ပိုင်သစ်၊ ကိုသာဂိ၊ မမဆောင်း၊ အကယ်ဒမီ နွဲ့နွဲ့စန်း၊ မတူး၊ ပွင့် စတဲ့သူတွေ တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။
ရွှေပိုးတိုက်ပုံ ဆိုင်ဖွင့်ပွဲနေ့တစ်ရက်ထဲမှာ ရွှေပိုးတိုက်ပုံ၊ စတစ် ရှပ်အင်္ကျီတွေကို 20% Discount ချပေးထားသလို ကျန်ပိုးထည်၊ ဇာ စတာတွေကို 10% Discount တွေချပေးထားတယ်လို့ သိရပါတယ်။
