၂၃.၉.၂၀၂၅
Written By Thandar
ပရိသတ်ချစ်ခင်မှုအခိုင်အမာရရှိထားတဲ့ အကယ်ဒမီ မင်းသမီးစိုးပြည့်သဇင်ရဲ့ စက်တင်ဘာ ၂၂ ရက်က ကျရောက်ခဲ့တဲ့ အသက် ၃၃ နှစ်ပြည့် မွေးနေ့မှာ သိန်းသောင်းချီ တန်ဖိုးရှိနိုင်တဲ့ လက်စွပ်လေးနဲ့ ဟိန်းဝေယံက Surprise ပြုလုပ်ပေးခဲ့ပါတယ်။
“ဒီနှစ်ကတော့ စိုးပြည့်ရဲ့ ကိုယ့်ရုပ်ရှင်လောကသားတွေရော၊ စက်မှုစတဲ့ အလွှာအစုံပေါ့။ စိုးပြည့်ရော စိုးပြည့်ကိုချစ်တဲ့ Fan လေးတွေလည်း ပါပါတယ်။ အားလုံးစုပေါင်း လှူဖြစ်တာပါ။ စိုးပြည့်ကအသက် ၃၃ နှစ်ပြည့်တာမို့ ၃၃ သိန်း အမှတ်တရလေး လှူတာပါ။ အရင်တုန်းကလည်း ရုပ်ရှင်အစည်းအရုံးမှာ စိုးပြည့်လှူဖူးပါတယ်။ အပြင် မိဘမဲ့ဂေဟာ အဘိုးအဘွားဂေဟာတွေမှာလည်း လှူပါတယ်။ တကယ်လိုအပ်နေတဲ့ နေရာလေးတွေ လှူတာလေးတွေလုပ်ဖြစ်ပါတယ်”လို့ သူမက မွေးနေ့အလှူ လှူဖြစ်ပုံလည်း ပြောပါတယ်။
သူမတော့ မွေးနေ့ရောက်တိုင်းမှာ အမြဲတမ်း အလှူအတန်းပြုလုပ်ရင်း ဖြတ်သန်းနေလျက်ရှိသူလည်းဖြစ်ပါတယ်။ စိုးပြည့်သဇင်ကတော့ အမှန်တကယ်လိုအပ်နေတာတွေ ကိုယ့်ချစ်ခင်ရသူတွေနဲ့ ပုံမှန်အလှူလုပ်ရင်း ဖြတ်သန်းရတာ ပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။
“အမတစ်ယောက်အနေနဲ့ ကိုယ့်ညီမလေး ပျော်နေတာမြင်ရတဲ့အခါ အတိုင်းမသိ ထပ်တူပျော်မိပါတယ်”လို့ သရုပ်ဆောင် စန္ဒီမြင့်လွင်က ပြောပါတယ်။
ဟိန်းဝေယံကလည်း ညပိုင်းမှာ ချစ်သူ စိုးပြည့်သဇင်ကိုသိန်းသောင်းချီ တန်ဖိုးရှိနိုင်တဲ့ လက်စွပ်လေးနဲ့ Surprise တိုက်ခဲ့ပါတယ်။
ဓာတ်ပုံထဲက လက်စွပ်က Ruby လက်စွပ်လိုမျိုး(အကြီးစား ခိုသွေး ပတ္တမြား၊ အနား Diamond တွေပါတဲ့ Design Luxury High-end Jewelry မို့ အနည်းဆုံးသန်းချီ (သို့မဟုတ်) ဘီလျံချီ မြန်မာငွေတန်ဖိုးရှိနိုင်တာ ဖြစ်ပါတယ်လို့ ပရိသတ်တွေက Comment တွေမှာ တန်ဖိုးသုံးသပ် ပြောလာကြတာကိုလည်း တွေ့ရပါတယ်။
#SoePyaeThazin #HeinWaiYan #birthday #celebritynews #MyanmarActress #33Birthday
#CeleBirthdaySurprise










