၂၂.၉.၂၀၂၅
Written By Thandar





Nyer Na Film Production က ဒရာမာဇာတ်လမ်းပုံစံ “မျက်ရည်ပေါ်ကချစ်ခြင်း” Mini Series ကန်တော့ပွဲပေးဒာခမ်းအနားကို ယနေ့ စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားမှာ ကျင်းပခဲ့ပါတယ်။
“Nyer Na Production က ရိုက်ကူးမယ့် မျက်ရည်ပေါ်ကချစ်ခြင်း ဇာတ်လမ်းထဲမှာ နီသစ္စာဆိုတဲ့ ကောင်မလေးနေရာက ပါဝင်ရမှာပါ။ နီသစ္စာဆိုတာကတော့ တုတုကို ပရိသတ်တွေမြင်စေချင်တဲ့ပုံစံအတိုင်းလေးပါ။ ခပ်ချေချေခပ်မာမာ ပုံစံလေးမှာ အကြောတင်းတဲ့ ကောင်မလေးပေါ့။ သူဌေးသမီး မိန်းကလေးဇာတ်လေးမို့ ပရိသတ်အကြိုက်တွေ့စေမှာမို့ လက်ခံဖြစ်ခဲ့တဲ့ ဇာတ်လေးပါ။ အကောင်းဆုံးဖြစ်အောင် နီသစ္စာဖြစ်အောင်ကြိုးစားသွားမှာပါ အားပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် ဆောင်းဝတ်ရည်မေက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်း အဲရစ်လင်း၊ ဂျူလီဟန်၊ ဇာတ်လမ်း/ဒါရိုက်တာ အဲရစ်လင်းက စက်တင်ဘာ ၂၄ ရက်မှာ စတင်ပြီး ဒရာမာဇာတ်လမ်းပုံစံ ရန်ကုန်မြို့နယ်တဝိုက်မှာ ရိုက်ကူးပုံဖော်သွားမယ်လို့ သိရသလို သရုပ်ဆောင်တွေဖြစ်တဲ့ နက္ခတ်၊ ဉာဏ၊ ဆောင်းဝတ်ရည်မေ၊ ပြုံးဟန်သာကို၊ ပိုင်စိုးစံ၊ ဆာရာ၊ ကတ်သရင်း၊ ခင်ချယ်ရီသန့်၊ ကူးကူးဟန်သာ၊ ဖြိုးဟန်ကျော်၊ စစ်တိုင်းအောင်၊ ကျော်ကျော်ဉာဏနဲ့ အနုပညာရှင်များစွာ ပါဝင်ကြမှာဖြစ်ပါတယ်။
