၂၂.၉.၂၀၂၅
Written By Min Thet
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများလိုက်ပါလာသည့် အိမ်စီးကားမှောက်၍ (၂) ဦးသေဆုံးကာ (၇) ဦးဒဏ်ရာရမှု ယနေ့ စက်တင်ဘာလ ၂၂ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ စက်တင်ဘာ ၂၂ ရက် နံနက် ၅ နာရီ မိနစ် ၄၀ ခန့်က ပထုံဌာနီမြို့၊ အဝေးပြေးလမ်းမကြီးအတိုင်း မောင်းနှင်လာသည့် မြန်မာနိုင်ငံသားများအား တင်ဆောင်လာသော အိမ်စီးကားက ပထုံဌာနီ-လန်စစ် တံတားအနီးတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ရှိ လမ်းအချက်ပြဆိုင်းဘုတ်ကို ဝင်တိုက်ရာမှတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
ယင်းကြောင့် ကားပေါ်တွင် လိုက်ပါလာသူများအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး(၇) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လိုက်ပါလာသည့်မြန်မာနိုင်ငံသားများမှာ ထိုင်းဘာသာစကား မတတ်သောကြောင့် သက်ဆိုင်ရာက ဖြစ်ကြောင်း ကုန်စင်မေးမြန်းမရ ဖြစ်နေကြောင်း၊ ထို့ကြောင့် သေဆုံးသူ နှစ်ဦးနှင့်ပတ်သက်၍ အချက်အလက်များ မသိရဖြစ်နေကြောင်း၊ ဒဏ်ရာရသူများအား ဒေသတွင်း လူမှု ကူညီရေးအဖွဲ့က ပထုံဌာနီဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြကြောင်း သိရသည်။
လက်ရှိတွင်ထိုင်းရဲတပ်ဖွဲ့က အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးပြီး သေဆုံးသူနှစ်ဦးနှင့် ဒဏ်ရာရရှိသူများ၏ အချက်အလက်များကို ဆက်လက်စုံစမ်းနေကာ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသူများဖြစ်ပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။
