နေမိုး
၂၂. ၉. ၂၀၂၅
ဒီ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ သြဂုတ် ၃၁ ရက်အထိ ရှစ်လအတွင်းမှာ KNU/KNLA ထိန်းချုပ်နယ်မြေမှာ တပ်မတော်ရဲ့ ထိုးစစ်ကြောင့် KNU/KNLA နဲ့ PDF လက်နက်ကိုင် ၁၅၀ သေခဲ့တယ်လို့ KNU က ဝန်ခံထားပါတယ်။
မြို့သိမ်း၊ ရွာသိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲရင်း ပြည်သူ့နေအိမ် ဖောက်ထွင်းလုယက် သတ်ဖြတ်မှုတွေများစွာ ကျူးလွန်နေသလို အာရှလမ်းမကြီးကိုပါပိတ်ပြီး ပြည်သူများစွာ ထိခိုက်စေတဲ့ ကုန်စျေးနှုန်းမြင့်တက်မှုဖြစ်အောင် ထိုင်း-မြန်မာ ပို့ကုန်သွင်းကုန်ယာဥ်တွေကို ဆက်ကြေးကောက်နေမှုတွေကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်နဲ့ မတရားအသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ KNU/KNLA နဲ့ PDF ပူးပေါင်းစစ်ကြောင်း နယ်မြေတွေကို တပ်မတော်က ထိုးစစ်ဆင်နွှဲမှုအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် KNU/KNLA နဲ့ PDF လက်နက်ကိုင် ၆၄ ဦးသေခဲ့တယ်လို့ KNU ပြောသလို လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ၅၆ ဦး သေဆုံးခဲ့တယ်လို့ KNU က ဝန်ခံထားပါတယ်။
ဒါ့အပြင် ဒရုန်းနဲ့တိုက်ခိုက်လို့ KNU/KNLA နဲ့ PDF လက်နက်ကိုင် ၇ ဦးသေပြီး ၁၀ ဦးကတော့ သေနတ်မှန်သေတာလို့ ဝန်ခံထားသလို မြေမြှုပ်မိုင်းကွဲလို့ ၃ ဦးသေတယ်လည်း ပြောထားပြီး ဒီတိုက်ပွဲတွေအတွင်း ပြည်သူလို့ အမည်တပ်ထားတဲ့သူ ၆ ဦးသေတယ်လို့လည်း KNU က ပြောပေမဲ့ သေသူ ၆ ဦးက ပြည်သူအစစ်ဖြစ်ကြောင်း သက်သေပြထားနိုင်မှု မပါဝင်ချေ။
