၂၁. ၉. ၂၀၂၅
Written by Mmak
◾အာဆင်နယ် Vs မန်စီးတီး
ဒီရာသီမှာ အကောင်းဆုံးပုံစ ပြသထားတဲ့ အာဆင်နယ်နဲ့ ခြေစွမ်းတည်ငြိမ်မှုရဖို့ ကြိုးစားနေတဲ့ မန်စီးတီးအသင်းတို့ရဲ့ အားပြိုင်မှုလို့ ပြောလို့ရသလို ဆရာနဲ့တပည့် ပညာပြိုင်မဲ့ပွဲလို့လည်း ပြောလို့ရပါတယ်။ အာဆင်နယ်အသင်းက လေးပွဲကစားပြီးချိန်မှာ သုံးပွဲအနိုင်ရကာ တစ်ပွဲရှုံးခဲ့ပြီး ပေးဂိုးတစ်ဂိုးသာ ရှိထားပါတယ်။ မန်စီးတီးကတော့ နှစ်ပွဲနိုင်နှစ်ပွဲရှုံးနဲ့ ရလဒ်တွေယိမ်းယိုင်နေပြီး တည်ငြိမ်မှုရဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ ဒီပွဲစဥ်မှာ အာဆင်နယ်အသင်းက ဘော်ဒီကြေး သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ပေါက်ပါတယ်။ အာဆင်နယ်ရဲ့ သရေအရှုံးဆိုတဲ့ ပေါက်ကြေးက အနိုင်ရသွားနိုင်တဲ့ ဘော်ဒီကြေးလို့ ပြောရမှာ ဖြစ်ပြီး ခြေစွမ်းမတည်ငြိမ်တဲ့ မန်စီးတီးအသင်းအနေနဲ့ အာဆင်နယ်ကွင်းမှာ ရုန်းကန်ရဖို့ ရှိနေပါတယ်။ သို့ပေမဲ့ ဒီပွဲမှာ ဂိုးပေါင်းကြေးကို ပိုစိတ်စားနေပြီး အာဆင်နယ်ခံစစ်ကြီးကို အရမ်းသဘောကျနေတာပါ။ အာဆင်နယ် ဂိုးသမားရာယာ၊ ခံစစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်းက တော်တော်လေးကို အတွဲအဖက် မိနေတာကြောင့် တော်ရုံတန်ရုံအသင်း ဂိုးသွင်းဖို့မလွယ်ပါဘူး။ မန်စီးတီးက စပါးအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ အိမ်ကွင်းဖြစ်နေပြီး နှစ်ဂိုးပြတ်ရှုံးနေတာတောင် စပါးခံစစ်ကို ဂိုးရအောင် မသွင်းနိုင်ခဲ့တာကြောင့် မန်စီးတီးတိုက်စစ်က အာဆင်နယ်ခံစစ်ကို တစ်ဂိုးထက်ပိုပြီးတော့ သွင်းနိုင်မယ်လို့ မထင်ပါဘူး။ အာဆင်နယ်တိုက်စစ်မှာလည်း ဆာကာနဲ့ အိုဒီဂတ်တို့ မပါနိုင်သေးတာကြောင့် တစ်ဂိုးရရင် ထိန်းကစားတတ်ပြီး ချေပဂိုးမပေးရအောင် ဂရုစိုက်တတ်ပါတယ်။ ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စားဆိုတဲ့ ပေါက်ကြေးမှာ လေးဂိုးရောက်ဖို့ ဖြစ်နိုင်ခြေ နည်းလွန်းနေပြီး အများဆုံး တွေ့ရရင် သုံးဂိုးပါပဲ။ဘဒီပွဲစဥ်မှာ အာဆင်နယ်အသင်း ကပ်နိုင်ရင်နိုင် မနိုင်ရင် ဂိုးမရှိသရေလောက်နဲ့ ပွဲပြီးသွားနိုင်တာကြောင့် ဂိုးအောက်ကြိုက်ပါတယ်။
◾ဘုန်းမောက် Vs နယူးကာဆယ်
နယူးကာဆယ်က ကြားရက်မှာ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲကို အားထည့်ကစားခဲ့ရပြီး ရှုံးနိမ့်ခဲ့သလို ပရီးမီယားလိဂ်မှာလည်း ရလဒ်ကောင်းဖို့ ရုန်းကန်နေရပါတယ်။ နယူးကာဆယ်က ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကြားမှာ ဗျာများနေတာကို တွေ့ရပြီး ကစားသမားတွေကလည်း အတွဲအဖက်မိဖို့ ရုန်းကန်နေရပါတယ်။ ဘုန်းမောက်အသင်းရဲ့ ခြေစွမ်းကတော့ တော်တော်လေးကို ကောင်းနေပြီး အထူသဖြင့် အိမ်ကွင်းပွဲတွေမှာ ပိုပြီးတော့ ခြေစွမ်းကောင်းပါတယ်။ ဒီပွဲစဥ်မှာ ဘုန်းမောက်အသင်းက ဘော်ဒီကြေး ပြားသုံးဆယ်အရှုံး ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စား ပေါက်ပါတယ်။ ဘုန်းမောက်အသင်းရဲ့ ခြေစွမ်းကို တော်တော်လေး သဘောကျနေပြီး ပရီးမီးယားလိဂ်မှာ သူတို့အသင်း ယှဥ်မကစားနိုင်တာ လီဗာပူး၊ အာဆင်နယ်နဲ့ မန်စီးတီးတို့လောက်သာ ရှိပါတယ်။ တခြားအသင်းတွေ အားလုံးကို ခြေရည်တူ ယှဥ်ကစားနိုင်တဲ့ ခြေစွမ်းမျိုး ပိုင်ဆိုင်ထားပါတယ်။ နယူးကာဆယ်က တိုက်စစ်ပိုင်း အထိုင်မကျသေးဘဲ အဝေးကွင်း မကောင်းတဲ့အပြင် ကြားရက်မှာလည်း ချန်ပီယံလိဂ်ပွဲ ကစားခဲ့ရသေးတာကြောင့် ဘုန်းမောက်ကွင်းမှာ အများဆုံးရခဲ့ရင် သရေပါပဲ။ အိမ်ရှင်ဘုန်းမောက်အသင်း သရေနဲ့အနိုင် တစ်ခုခုရသွားနိုင်တာကြောင့် ပြားသုံးဆယ်ရင်းပြီး ဘုန်းမောက်ဘက်က နေပါမယ်။
◾ဆန်းဒါးလန်း Vs အက်စတွန်ဗီလာ
ရာသီမစခင်မှာ လူအင်အားတောင့်တင်းတဲ့ အမ်မရီရဲ့ဗီလာကို တော်တော်လေး သဘောကျနေခဲ့ပေမဲ့ ရာသီစချိန်မှာတော့ ရုန်းကန်နေရပြီး ရာသီအစမှာ နယူးကာဆယ်ကို တစ်ယောက်အထုတ်ခံရပေမဲ့ ကံကောင်းလို့ မရှုံးခဲ့ဘဲ သရေရခဲ့တယ်။ နောက်မှာ ဘရန့်ဖို့နဲ့ ပဲလေ့စ်ကို ဆက်တိုက်ရှုံးခဲ့ပြီး အဲဗာတန်ကိုလည်း ဂိုးသမားမာတီနက် လက်စွမ်းပြလို့သာ မရှုံးခဲ့တာပါ။ ဗီလာကွင်းလယ်မှာ တိုင်လီမန်း၊ ဘာကလေနဲ့ အိုနာနာတို့ ဒဏ်ရာရနေပြီး ဝါ့ကင့်စ်နဲ့ ရော်ဂျာတို့ရဲ့တိုက်စစ်ပိုင်းကလည်း တစ်ဂိုးတောင် မသွင်းနိုင်သေးပါဘူး။ ဒီပွဲစဥ်မှာ တန်းတက်ဆန်းဒါးလန်းအသင်းကို ဘော်ဒီကြေး ပြားငါးဆယ်အရှုံးနဲ့ ဂိုးပေါင်းကြေး နှစ်လုံးလေးဆယ်အရှုံးဆိုပြီး ကြေးဖွင့်ထားပါတယ်။ ဆန်းဒါးလန်းက တန်းတက်အသင်းဆိုပေမဲ့ ကွင်းလယ်ပိုင်းက မာကျောမှုအပြည့်ရှိသလို တိုက်စစ်ပိုင်းကလည်း ဂိုးရအောင် သွင်းနိုင်တဲ့ ခြေစွမ်းမျိုး ရှိပါတယ်။ ဗီလာအသင်းရဲ့ လက်ရှိခြေစွမ်းနဲ့ ပေါက်ကြေးအရဆို အပေါ်စုံအောင်သွားစရာ အကြောင်းမရှိပါဘူး။ အောက်တစ်ခုသေချာပေါက် အနိုင်ရသွားနိုင်ပြီး ကံကောင်းရင် စုံအောက်တောင် အနိုင်ရသွားနိုင်ပါတယ်။ ဒီအတွက်ကြောင့် အိမ်ရှင်အောက်ကြေးဖြစ်တဲ့ ဆန်းဒါးလန်းဘော်ဒီနဲ့ ဂိုးအောက်ကို ကြိုက်ပါတယ်။
◾လေဗာကူဆင် Vs ဂလာဘတ်
ဂလာဘတ်အသင်းက သုံးပွဲကစားပြီးချိန်မှာ ပထမပွဲသရေကျခဲ့ပြီး နောက်နှစ်ပွဲဆက် ရှုံးခဲ့သလို တိုက်စစ်က တစ်ဂိုးမှ မသွင်းနိုင်တာကြောင့် နည်းပြကို ထုတ်ပယ်လိုက်ပြီး U21 နည်းပြ ပိုလန်စကီကို ယာယီခန့်အပ်ထားပါတယ်။ လေဗာကူဆင်ကလည်း ပြီးခဲ့တဲ့အပတ်ကမှ နည်းပြပြောင်းထားပြီး ပထမပွဲအနိုင်ရခဲ့သလို ကြားရက်မှာကစားခဲ့တဲ့ ချန်ပီယံလိဂ်မှာ သရေတစ်မှတ်ရခဲ့တာကြောင့် ရလဒ်ကောင်းတယ်လို့ ပြောရမှာပါ။ ဒီပွဲစဥ်မှာ လေဗာကူဆင်အသင်းက ဘော်ဒီကြေး တစ်လုံးသရေပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်အရှုံးပေါက်ပါတယ်။ ဒီညမှာ ကစားမဲ့ ဒေါ့မွန်နဲ့ဝုလ်ဘတ်အသင်းတို့ရဲ့ ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်အရှုံးနဲ့ သိပ်မကွာဘဲ ကြေးပေါက်ပါတယ်။ ဒေါ့မွန်က သုံးပွဲမှာ ရှစ်ဂိုးသွင်းပြီး ဝုလ်ဘတ်က သုံးပွဲကို ခုနစ်ဂိုးသွင်းထားတာကြောင့် ဒေါ့မွန်နဲ့ဝုလ်ဘတ်ပွဲက ဂိုးပေါင်းကြေးကို သုံးလုံးငါးဆယ်အရှုံးပေါက်တာကို လက်ခံပေးလို့ရတယ်။ ဒီပွဲမှာက ဂလာဘတ်က တစ်ဂိုးတောင် မသွင်းနိုင်သေးသလို အရန်နည်းပြတစ်ယောက်နဲ့ ကစားလာမဲ့ ဂလာဘတ်ပွဲ ဂိုးပေါင်းကြေးက အနည်းငယ်ပြင်းရှတယ်လို့ ခံစားရပါတယ်။ ဂလာဘတ်အသင်းအနေနဲ့ ရှုံးကာမှ ရှုံးရော ဒီပွဲမှာတော့ သေချာပေါက် ဂိုးရသွားမယ်လို့ ယူဆထားသလို အိမ်ရှင်လေဗာကူဆင်အသင်းကလည်း ဘော်ဒီကြေး တစ်လုံးသရေတောင် ပေးထားတာဆိုတော့ သေချာပေါက် ဂိုးရမှာပါ။ ဒီပွဲက ဒါဘီပွဲ ဖြစ်နေတာကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်လာမှာဖြစ်ပြီး ဂိုးပေါင်းကြေးကလည်း လိုအပ်တာထပ် ပြင်းရှနေတာကြောင့် ဂိုးပေါ်ကြိုက်ပါတယ်။
◾မာယေ့ာကာ Vs တီကို
မာယေ့ာအသင်းက နိုင်ပွဲလုံးဝမရသေးဘဲ တစ်ပွဲသရေ သုံးပွဲရှုံးနဲ့ တစ်မှတ်သာ ရထားတယ်။ ခံစစ်က ကိုးဂိုးပေးခဲ့ရပေမဲ့ တိုက်စစ်က နောက်ဆုံးသုံးပွဲလုံး ဂိုးရထားပါတယ်။ တီကိုကလည်း ရလဒ်တွေ သိပ်မကောင်းဘဲ လေးပွဲကစားထားရာမှာ တစ်ပွဲရှုံး နှစ်ပွဲသရေနဲ့ တစ်ပွဲသာနိုင်ထားပါတယ်။ ဒီပွဲမှာ တီကိုအသင်းက ဘော်ဒီကြေး တစ်လုံးခြောက်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံး ငါးဆယ်အရှုံးပေါက်ပါတယ်။ တီကိုမှာ အဓိက ကစားသမား အယ်ဗာရက် ပြန်ပါလာမှာ ဖြစ်သလို ဘော်ဒီကြေးအရ သေချာပေါက် ဂိုးရမယ်လို့ ထင်ပါတယ်။ ရလဒ်ဆိုးတွေကနေ ရုန်းထွက်လာမဲ့ မာယေ့ာကာအသင်းကလည်း အိမ်ကွင်းပွဲမှာ ဂိုးရသွားမယ်လို့ ထင်ပါတယ်။ ဂိုးပေါင်းကြေးကတော့ တော်တော်ကို ပျော့နေတာ ဖြစ်ပေမဲ့ ဂိုးပေါ်နေချင်တဲ့ ထိုးသားတွေကို မောင်းထုတ်နေတယ်လို့ ယူဆထားပါတယ်။ တကယ်လို့ ဂိုးပေါင်းကြေး နှစ်လုံးအရှုံးလောက်သာ ဖွင့်လိုက်ရင် ဂိုးပေါ်နေမဲ့သူတွေ အတော်များလာနိုင်တာကြောင့် ဂိုးပေါင်းကြေး ထိန်းထားတယ်လို့ မြင်ပါတယ်။ ဒီပွဲက နှစ်သင်းလုံး ရလဒ်ကောင်းဖို့ ကြိုးစားလာမှာဖြစ်ပြီး တစ်သင်းဂိုးရတာနဲ့ နောက်တစ်သင်းက တိုက်စစ်ဖွင့်ကစားလာနိုင်တာကြောင့် အပြန်အလှန်ဂိုးတွေနဲ့ သုံးဂိုးရောက်သွားမယ်လို့ ထင်ပါတယ်။ ဒီအတွက်ကြောင့် မာယော့ကာနဲ့ တီကိုပွဲကို ဂိုးပေါ်ကြိုက်ပါတယ်။
