၂၁.၉.၂၀၂၅.
Translated by Htwe Ko Tun
နယ်သာလန်နိုင်ငံမှာအစိုးရအနေနဲ့နိုင်ငံအတွင်းကို တင်းကျပ်တဲ့ရွှေ့ပြောင်းနေထိုင်မှုပြုတဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေ ချမှတ်သွားဖို့ မြို့တော် သည်ဟိဂ်မြို့မှာ စက်တင်ဘာလ ၂၀ ရက်က ဆန္ဒ္ဒပြမှုတွေ ဖြစ်ပွားခဲ့တာမှာ ဆန္ဒပြသမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကြား အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားကြတဲ့အထိ ဖြစ်ခဲ့ကြရတယ်လို့ သတင်းတွေအရ သိရပါတယ်။

ဒတ်ချ် လက်ယာစွန်းခေါင်းဆောင် ဂီးအတ် ဝိုက်လ်ဒါ ကတော့ ထိုဖြစ်ရပ်မှာ ဆန္ဒပြသမားတွေကို အရူးအနှမ်း လူမိုက်များအဖြစ် ရှုတ်ချပြောကြားခဲ့ပါတယ်။
လက်ရှိလူဝင်မှုကြီးကြပ်ရေးမူဝါဒများကို ဆန့်ကျင်သောဆန္ဒပြပွဲတွေကို လက်ယာစွန်းတက်ကြွလှုပ်ရှားသူတစ်ဦးက စီစဉ်ပြုလုပ်ခဲ့ပြီးထောင်ပေါင်းများစွာသော ပြည်သူတို့ ပါဝင်ခဲ့ကာ နယ်သာလန်နိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကြီးမကျင်းပမီ တစ်လကျော်အလိုမှာ ပြုလုပ်ခဲ့တာပါ။
နယ်သာလန်ရဲတပ်ဖွဲ့က ဆန္ဒပြသမားတွေကိုလူစုခွဲဖို့အတွက် မျက်ရည်ယိုဗုံးတွေနဲ့ ရေပန်းအမြောက်တွေကိုသာသုံးခဲ့တယ်လို့ ဒေသခံအစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
တင်းကျပ်တဲ့ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာမူဝါဒတွေကို တောင်းဆိုပြီး ပြောင်းရွှေ့နေထိုင်ခိုလှုံသူ တွေကို အာဏာသုံးနှိပ်ကွပ်သွားဖို့တောင်းဆိုချက်တွေနဲ့ ဆန္ဒပြပွဲကို လက်ယာယိမ်း တက်ကြွလှုပ်ရှားသူတစ်ဦးက စီစဉ်ပြုလုပ်ခဲ့ကာ အွန်လိုင်းမှာတော့ “Els Rechts” ဟု သိကြပါတယ်။

ဆန္ဒပြသမားအများအပြားက နယ်သာလန်နိုင်ငံအလံတွေကို ဝှေ့ယမ်းနေကြပြီး လက်ယာစွန်းအုပ်စုတွေနဲ့ ဆက်နွှယ်နေသူတွေပါ။ သူတို့က ရဲတပ်ဖွဲ့ဝင်တွေကို ကျောက်ခဲတွေ၊ ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့တယ် လို့ ဒတ်ခ်ျလူထုရုပ်သံ NOS ကထုတ်လွှင့်တဲ့ ဗီဒီယိုဖိုင်မှာ တွေ့ရပါတယ်။
ဒတ်ခ်ျမီဒီယာတွေက ဆန္ဒပြအဓိကရုဏ်းသမားတွေက အလယ်အလတ်ဝါဒီနိုင်ငံရေးပါတီ D66 ရဲ့ရုံးခန်းတစ်ခန်းကို ဖျက်ဆီးခဲ့တာကိုလည်း ပြသခဲ့ပါတယ်။
လူ ၃၀ လောက်ကိုဖမ်းဆီးထားပြီး ရဲအရာရှိနှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ပိုင်ကားတစ်စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
ဆန္ဒပြပွဲတွေမှာ ထိခိုက်ဒဏ်ရာရသူတွေရှိသလား ဒါမှမဟုတ် ဖမ်းဆီးထားသူတွေရှိသလားဆိုတာ ရှင်းရှင်းလင်းမသိရသေးပါဘူး။ နယ်သာလန်နိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာ ၂၉ ရက်မှာ ကျင်းပမှာဖြစ်ပြီး ရွေးကောက်ပွဲမတိုင်မီ တစ်လကျော်လေးအလိုမှာ ခုလိုမတည်မငြိမ်ဖြစ်ခဲ့ရတာပါ။
Ref- DW, bbc
