၁၈.၉.၂၀၂၅
Written By Thandar

ယနေ့ စက်တင်ဘာလ ၁၈ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ ရေဝေးသုသာန်မှာ အဆိုတော်အိမ့်ချစ်၊ ဂျူနီယာချစ်ကောင်းတို့ရဲ့ မိခင်၊ အဆိုတော် ချစ်ကောင်းရဲ့ ဇနီးဟောင်းဒေါ်ဝါဝါထူး အသက် (၆၆) နှစ်ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ ဒေါ်ဝါဝါထူးရဲ့ နောက်ဆုံးခရီးကို အိမ့်ချစ်တို့ မောင်နှမတွေရဲ့ဖခင် အဆိုတော် ချစ်ကောင်းနဲ့ အနုပညာရှင်တွေဖြစ်တဲ့ ဝေလ၊ အစ္စဏီ စတဲ့သူတွေနဲ့ မိတ်ဆွေတွေ လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။

မီးသင်္ဂြိုဟ်ထားတဲ့ အရိုးပြာကိုဂူသွင်းခြင်းကိုလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)က သရုပ်ဆောင်ထွန်းကိုကိုနဲ့ အသင်းသူ/သားတွေကူညီပို့ဆောင်ပေးခဲ့ပါတယ်။

ဒေါ်ဝါဝါထူးရဲ့ ရက်လည်ဆွမ်းသွတ်ကို လာမယ့် စက်တင်ဘာလ ၂၂ ရက် နံနက်ပိုင်းမှာ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ (၅) ရပ်ကွက်၊ အမှတ် ၇၃/C အခန်း(၅ဝ၆) မြကန်သာကွန်ဒိုနေအိမ်မှာ တရားတော်နာယူမှာဖြစ်ပါတယ်လို့ သိရပါတယ်။

