၁၆.၉.၂၀၂၅
Written By Thandar
ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ “နေခြည်ဖြာ၍ လင်းစေသား” ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို ယနေ့ စက်တင်ဘာ ၁၆ ရက် နေ့လယ် ၂ နာရီက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ အိမ်တော်ရာဘုရားမှာ ကျင်းပခဲ့ပါတယ်။

“ဒီကာရိုက်တာလေးက မြတ်မရိုက်ဘူးသေးတဲ့ ပုံစံလေးမို့လက်ခံဖြစ်တာပါ။ မြတ်က အစိုးရကျောင်းဆရာမလေးဆိုတော့ မြတ်လည်း စိတ်ဝင်စားတယ်။ ယုံယုံကြည်ကြည်ကမ်းလှမ်းပေးလို့ လက်ခံဖြစ်တာပါရှင့်။ ဖြစ်ရပ်မှန်ဇာတ်လမ်းကိုမှ ပင်းတယမှာ ရိုက်မှာလည်းဖြစ်တယ်။ ပရိသတ်တွေ ဘယ်လိုအကြိုက်တွေ့စေမလဲဆိုတာကို မကြာခင်တွေ့ရမှာပါ”လို့ သရုပ်ဆောင် မြတ်ရတနာကျော်က ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ချစ်ခိုင်စံ၊ ဇာတ်ညွှန်း ညီအောင်ညီ၊ ဒါရိုက်တာ သူတော် (သိနေဟ)က ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ လင်းထည်ဝါ၊ လပြည့်၊ သားညီ (ဧည့်သည်သရုပ်ဆောင် ကျော်ဆု)၊ အေးဝတ်ရည်သောင်း၊ မြတ်ရတနာကျော်၊ ကျော်ဇေယျ၊ မိုးခန့်၊ သာသာ၊ ဟန်နီစုစံ၊ မေဘယ်လ်၊ ဝင်းလဲ့ရွှေရည်၊ ဇူဇူးဟန်နီထွေး၊ ရွှေအင်ကြင်း၊ ရတီနန္ဒာ၊ သက်ထားစံ၊ ချောရတီစိုး၊ အိမ့်ဟန်နီဖြူ၊ သက်ထားစံ (၂) နဲ့အနုပညာရှင်များစွာ ပါဝင်ကြမှာဖြစ်ပါတယ်။
