၁၄.၉.၂၀၂၅
Written By Thandar
Verden Production က အချစ်ဒရာမာဇာတ်လမ်း ” အချစ်ကျိန်စာ” ရုပ်ရှင်ဇာတ်ကားကြီး မိတ်ဆက်ကန်တော့ပွဲပေးအခမ်းအနားကို ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ ကျိုက္ကဆံဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့် ဘဝရဲ့ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်လို့ ညက အိပ်လို့တောင်မပျော်ဖြစ်ခဲ့တယ်။ အမ@မေသူထွန်းက ဇာတ်လမ်း၊ ဇာတ်ညွှန်းရော ရေးထားတာမို့ ရုပ်ရှင်ကားကြီးကမ်းလှမ်းချိန်မှာ အရမ်းကိုဝမ်းသာခဲ့ရတယ်။ ကျွန်တော် ဒီကား ဇာတ်ကိုဖတ်ပြီးတော့ မျက်နှာတွေကျခဲ့ပါတယ်။ စာလေးတင်ထားသလိုပဲ သိပ်ချစ်လွန်းလို့ ဘဝဆက်တိုင်းဝေးပါရစေလဲဆိုတာကိုတော့ ဒီဇာတ်ကားထွက်လာရင် တွေ့ရမှာပါ”လို့ သရုပ်ဆောင် ဇော်ရှိုင်းထက်က ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း မေသူထွန်းက ရေးသားပြီး ဒါရိုက်တာ မင်းစနေက သရုပ်ဆောင်တွေဖြစ်တဲ့ ဇော်ရှိုင်းထက်၊ မေသူထွန်း၊ သူရဟိန်း၊ အေးသီတာ၊ ချောစုလှိုင်၊ သိင်္ဂီမြင့်၊ ဝင်းမြတ်မြတ်ဖြိုး၊ မိမိသိန်း၊ ကျော်စိုးဟိန်း၊ ကလေးသရုပ်ဆောင် ထိုက်တေဇအောင် စတဲ့သူတွေ ပါဝင်ထားကြတာလည်းဖြစ်ပါတယ်။
