၁၂. ၉. ၂၀၂၅
Translated by Thettant
ထိုင်းတော်ဝင်ရေတပ်သည် သက်တမ်းကြာရှည်အသုံးပြုခဲ့ပြီးပြီဖြစ်သော ရေတပ်သင်္ဘော ၄ စီးကို သက်တမ်းကုန်ဆုံး၍ အသုံးပြုနိုင်ခြင်းမရှိတော့သဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ တရားဝင် အနားပေးတော့မည်ဖြစ်ကြောင်း ယနေ့တွင် ကြေညာခဲ့သည်။

အနားပေးမည့် စစ်သင်္ဘောများမှာ သက်တမ်း ၆၆ နှစ်ရှိ ဖရီးဂိတ်စစ်သင်္ဘော HTMS Pin Klao 413 ၊ သက်တမ်း ၄၂ နှစ်ရှိ အမြန်ပစ်ခတ်နိုင်သော အမြောက်တင်စစ်သင်္ဘော HTMS Phuket 333၊ သက်တမ်း ၇၈ နှစ်ရှိ ဆီတင်သင်္ဘော HTMS Samui 832 နှင့် သက်တမ်း ၄၆ နှစ်ရှိ ရေလမ်းကြောင်းအမှတ်အသားများ နေရာချပေးသည့် သင်္ဘော HTMS Suriya 821 တို့ကို အနားပေးမည်ဖြစ်သည်။

ထို့အပြင် သက်တမ်း ၅၄ နှစ်မှ ၅၆ နှစ်ကြားရှိ မြစ်ချောင်းကင်းလှည့်ရေယာဉ် ၅ စီးကိုလည်း အနားပေးသွားမည်ဖြစ်သည်။

ထိုင်းတော်ဝင်ရေတပ်အနေဖြင့် ယင်းသင်္ဘောများအစား မျိုးဆက်သစ်ရေယာဉ်များကို အစားထိုး ဝယ်ယူသွားမည်ဖြစ်သည်ဟုလည်း သိရသည်။
Ref, Khaosod
