၁၂.၉.၂၀၂၅
Translated by Htwe Ko Tun
ပြည်ထောင်စုစုံစမ်းထောက်လှမ်းရေးဗျူရို(FBI) နဲ့ ယူတားပြည်နယ်တာဝန်ရှိသူတွေက ပြည်နယ်အတွင်း Valley တက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ စက်တင်ဘာလ ၁၀ ရက်က ရှေးရိုးစွဲဝါဒီ တက်ကြွလှုပ်ရှားသူ ချာလီကာ့က်ကို ဟောပြောပွဲအခမ်းအနားတစ်ခုပြုလုပ်နေတုန်း သေနတ်နဲ့လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံသေနတ်သမားရဲ့ ဗီဒီယိုအသစ်ကို ထုတ်လွှင့်ခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အဓိက မဟာမိတ်တစ်ဦးလည်းဖြစ်တဲ့ ချာလီကာ့က်က ဟောပြောမှုပြုနေတုံး ကျောင်းဝင်းအတွင်းရှိ Lose Center အဆောက်အအုံရဲ့ ခေါင်မိုးကနေ သေနတ်သမားက ပစ်ခတ်သွားခဲ့တာကို ဒီဗီဒီယိုမှာ တွေ့ရပါတယ်။ ဒီ့နောက်မှာတော့ သေနတ်သမားက အဆောက်အအုံ ခေါင်မိုးရဲ့ တစ်ဖက်အစွန်းဆီကို ပြေးသွားခဲ့ပြီး အမိုးပေါ်ကနေ ခုန်ချကာ တောအုပ်ထူတဲ့ အနီးအနား ဒေသထဲ ထွက်ပြေးသွားခဲ့တာကိုလည်း တွေ့ကြရပါတယ်။
သေနတ်သမားက နေကာမျက်မှန်တပ်ထားပြီး Converse ဖိနပ်တွေဝတ်ထားကာ အမေရိကန်အလံနဲ့ လင်းယုန်ငှက်တို့ ပုံပါတဲ့ အနက်ရောင်တီရှပ်ကို ဝတ်ထားတာလည်း ဗီဒီယိုမှာတွေ့ကြရပါတယ်။
အာဏာပိုင်တွေက ပြင်းအားမြင့် မောင်းထိုးရိုင်ဖယ်သေနတ်တစ်လက်ကိုလည်း ပစ်ခတ်မှုဖြစ်ပွားတဲ့အနီး တောအုပ်ထဲကတွေ့ခဲ့ပါတယ်။ ဒါ့ပြင် သေနတ်သမားရဲ့ လက်ဖဝါးရာနဲ့ ဖိနပ်ရာတို့ကို ကိုယ်ခန္ဓာပိုင်းဆိုင်ရာ သက်သေအထောက်အထားတွေအနေနဲ့ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
သေနတ်သမားကို သေဒဏ်အပြစ်ပေးနိုင်ဖို့ ရှေ့နေတွေအတွက် မျိုးဗီဇစစ်ဆေးမှုတွေကို ပြုလုပ်နေတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
အခုအချိန်အထိ မသင်္ကာသူတစ်စုံတစ်ဦးကိုမှ ဖမ်းဆီးထားတာတော့ မရှိသေးပါဘူး။ FBI ကလည်း ထွက်ပြေးနေတဲ့ သေနတ်သမားနဲ့ ပတ်သက်လို့ သတင်းပေးနိုင်ရင် ဒေါ်လာ ၁၀၀,၀၀၀ ဆုချမယ်လို့ ကြေညာထားပါတယ်။
Ref- BBC



