၁၂.၉.၂၀၂၅
Written by Hey Mar
ဖိနပ် လည်သာဖြတ်စတွေ အပူပေးဖြတ်တောက်နေစဉ် အနီးရှိ စက္ကူချပ်ဖာတွေပေါ် မီးပွားလွင့်စင်ကာ ဖိနပ်စက်ရုံမီးလောင်မှု ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ညောင်အင်းစက်မှုဇုန်ရှိ ဖိနပ်စက်ရုံတစ်ရုံမှာ မနေ့က စက်တင်ဘာ ၁၁ ရက်နေ့ ည ၁၀ နာရီ မိနစ် ၃၀ အချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ပဲခူးမြို့၊ ဥဿာမြို့သစ်(၉)ရပ်ကွက်ရှိ ဖိနပ်စက်ရုံရဲ့ ဖိနပ်ဖြတ်စအပိုတွေ သိုလှောင်ထားတဲ့ အဆောင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ ပဲခူးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၄)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါမီးလောင်မှုဖြစ်စဉ်နေရာကို မီးသတ်တပ်ဖွဲ့က ည ၁၀ နာရီ မိနစ် ၅၀ အချိန်မှာ ရောက်ရှိပြီး စတင်ငြှိမ်းသတ်ရာ ၁၁ နာရီ ၅ မိနစ်ခန့်မှာ မီးထိန်းနိုင်ခဲ့ပြီး ၁၁ နာရီ ၁၅ မိနစ်မှာ မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုဖြစ်စဉ်အတွင်း လူထိခိုက်မှု မရှိခဲ့ဘူးလို့လည်း သိရှိရပါတယ်။




