သက်တန့်
၁၁. ၉. ၂၀၂၅
Ooredoo Myanmar သည် ကုမ္ပဏီ၏ အမည်သစ်ကို U9 အမည်အဖြစ် ယနေ့ မိတ်ဆက်လိုက်ပြီး ဤအပြောင်းအလဲမှာ စင်ကာပူအခြေစိုက် Nine Communications သို့ ၎င်း၏ရှယ်ယာများကို ရောင်းချရန် သဘောတူညီမှု ရရှိပြီး နှစ်နစ်ကျော်အကြာတွင် ဖြစ်သည်။
Ooredoo Myanmar က ယခုလာမည့် စက်တင်ဘာ ၂၀ ရက်တွင် မူလနာမည်ကို U9 အမှတ်တံဆိပ်အမည်သို့ ပြောင်းလဲမည်ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
U9 အမှတ်တံဆိပ်အသစ်ကို လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း ၎င်း၏ လက်လီဆိုင်များ၊ ရုံးများနှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများတွင် မိတ်ဆက်သွားမည်ဖြစ်သည်။
GSMA Intelligence ၏ အချက်အလက်များအရ Ooredoo Myanmar သည် ယခု ဇွန်လကုန်တွင် မိုဘိုင်းဖုန်းအသုံးပြုသူ ၈ ဒသမ ၅ သန်းရှိပြီး နိုင်ငံပိုင် MPT က ၃၉ ဒသမ ၄ သန်းနှင့် ယခင် Telenor Myanmar ဖြစ်သည့် Atom က ၁၅ ဒသမ ၅ သန်းတို့၏နောက်တွင် အဆင့်သုံးနေရာ၌ ရှိနေသည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် Ooredoo Group သည် Ooredoo Myanmar ကို Nine Communications သို့ အမေရိကန်ဒေါ်လာ ၅၇၆ သန်းဖြင့် ရောင်းချရန် သဘောတူညီမှု ရရှိခဲ့သည်ဟု ကြေညာခဲ့သည်။
Nine Communications Pte. Ltd. ကို Link Family Office နှင့် မြန်မာနိုင်ငံသား ဦးဉာဏ်ဝင်း တို့က ပိုင်ဆိုင်ပြီး Link Family Office မှာ ကမ္ဘာ့နေရာအတော်များများတွင် စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်နေသည့် လုပ်ငန်းစုကြီးတစ်ခု ဖြစ်သလို ဦးဉာဏ်ဝင်းသည်လည်း ဆက်သွယ်ရေးနယ်ပယ်တွင် နှစ်ပေါင်း ၄၀ ကျော် အတွေ့အကြုံရှိသည့် မြန်မာလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။
Ref, Mobile World
