၁၀. ၉. ၂၀၂၅
Written by Thettant
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်အတွင်း ခြေကုပ်ယူပြီး ပြည်သူတွေအကြား ဖောက်ခွဲတိုက်ခိုက်မှု လိုက်လံလုပ်ဆောင်နေတဲ့ Rocket Fighter PDF အဖွဲ့ရဲ့ ခဲယမ်းသိုလှောင်စခန်း ပေါက်ကွဲပြီး မီးလောင်ခဲ့တာကြောင့် ကျပ်သိန်း ၅၀၀ ဖိုးခန့် ဆုံးရှုံးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
မနေ့က စက်တင်ဘာ ၉ ရက် မွန်းတည့် ၁၂ နာရီခန့်မှာ ဗုံးသီးတွေ အတွဲလိုက်ပေါက်ကွဲပြီး နာရီ၀က်လောက် ခဲယမ်းသိုလှောင်ခန်း မီးလောင်ခဲ့တာလို့ Rocket Fighter PDF အဖွဲ့က ပြောပြီး ဒီမီးလောင်မှုမှာ လူထုအကြား ဖောက်ခွဲတိုက်ခိုက်နေတဲ့ PDF တွေ ထိခိုက်ဒဏ်ရာ မရခဲ့ကြသေးဘူးလို့ ဆိုပါတယ်။
မီးလောင်မှုကြောင့် ကျည်ကာဦးထုပ် ၄ လုံး၊ ကျောပိုးအိတ် ၄ လုံး၊ ဗုံးသီး ၁၀ လုံး၊ ကျည်ဘောက် ၃ ခု၊ အီကွတ်မန့် ၄ ခု၊ အိုင်ကွန် စကားပြောစက် ၂ လုံး၊ ကလလ သေနက် ၁ လက်၊ MA 3 သေနတ် ၁ လက်နဲ့ ဆက်စပ်ပစ္စည်းတွေပျက်စီးပြီး ကာလတန်ဖိုး ကျပ်သိန်း ၅၀၀ ဖိုးလောက်ဆုံးရှုံးခဲ့တယ်လို့လည်း ဆိုပါတယ်။








