
၈.၉.၂၀၂၅.
translated by Htwe Ko Tun
ဇူလိုင်လ ပါလီမန် ရွေးကောက်ပွဲမှာ သမိုင်းဝင် ရှုံးနိမ့်ခဲ့ရမှုအတွက် တာဝန်ယူဖို့ သူ့ရဲ့အာဏာရ ပါတီအတွင်းမှပဲ တောင်းဆိုမှုတွေ မြင့်တက်လာခဲ့ပြီးနောက်မှာတော့ ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာ (Shigeru Ishiba) က ရာထူးမှ နုတ်ထွက်မယ်လို့ စက်တင်ဘာလ ၇ ရက်မှာ ကြေညာခဲ့ပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ယူခဲ့တဲ့ အီရှီဘာက သူ့ရဲ့ပါတီတွင်းရှိ လက်ယာယိမ်းပြိုင်ဘက်အများစုရဲ့ တောင်းဆိုမှုတွေကို တစ်လကျော်ကြာ ဆန့်ကျင်ခဲ့ပြီး ဒီလိုဆောင်ရွက်ခဲ့ရင် ဂျပန်နိုင်ငံအတွင်းနဲ့ နိုင်ငံပြင်ပမှာပါ အဓိကစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ နိုင်ငံရေးလစ်ဟာမှုတွေ ဖြစ်လာလိမ့်မယ်လို့ ပြောခဲ့တာပါ။
ဒါပေမယ့် အီရှီဘာက သူ့အပေါ် အယုံအကြည်မရှိ လှုပ်ရှားမှုတစ်ရပ်အဖြစ် သူ့ရဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီက အတည်ပြုဖို့ရှိတဲ့ ခေါင်းဆောင်မှုဆိုင်ရာရွေးကောက်ပွဲကို စောစီးစွာကျင်းပဖို့ ရှိ၊ မရှိ မဆုံးဖြတ်မီ တစ်ရက်မှာပဲ ရာထူးမှနုတ်ထွက်မယ်လို့ ဆုံးဖြတ်ခဲ့တာပါ။
အီရှီဘာက ရုပ်မြင်သံကြားသတင်းစာရှင်းလင်းပွဲမှာ သူ့ရဲ့နေရာကို အစားထိုးဖို့ ပါတီခေါင်းဆောင် ပိုင်းကို မဲပေးရွေးချယ်မယ့် လုပ်ငန်းစဉ်ကို စတင်မှာဖြစ်ပြီး စက်တင်ဘာလ ၈ ရက်မှာ ဆုံးဖြတ်ချက်ချဖို့ မလိုအပ်ဘူးလို့ ပြောခဲ့ပါတယ်။ တကယ်လို့ သူ့အနေနဲ့ ဆက်ပြီးတာဝန်ယူထားမယ်ဆိုရင် ကွဲအက်နေတဲ့ သူ့ရဲ့ပါတီနဲ့ လူနည်းစု အစိုးရကို စီမံခန့်ခွဲဖို့ မလွဲမသွေ ရုန်းကန်ရမှာပါ။
အီရှီဘာရဲ့ အာဏာရညွန့်ပေါင်းအဖွဲ့ဟာ ဇူလိုင်လကကျင်းပတဲ့ အရေးကြီးတဲ့ ပါလီမန်ရွေးကောက်ပွဲမှာ အမတ်နေရာ ၂၄၈ နေရာရှိသော အထက်လွှတ်တော်ရဲ့ အမတ်အများစုကို မရယူနိုင်ခဲ့တဲ့အတွက် သူ့ရဲ့အစိုးရ တည်ငြိမ်မှုကို ပိုမိုတုန်လှုပ်စေခဲ့ပါတယ်။ ပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့အနေနဲ့ အမတ်နေရာ အများစု ရထားတဲ့ အောက်လွှတ်တော်မှာလည်း အစောပိုင်း ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့သေးတဲ့အကွက် ပါလီမန်တစ်ခုလုံမှာ အရေးနိမ့်ခဲ့တာပါ။
အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP) က ရွေးကောက်ပွဲရှုံးနိမ့်မှုကိုပြန်လည်သုံးသပ်ဖို့ ပါတီကို “အလုံးစုံပြန်လည်ပြင်ဆင်မှု” ပြုဖို့ ပြီးခဲ့တဲ့အပတ်က တောင်းဆိုခဲ့တာကစလို့ စက်တင်ဘာလ ၈ ရက်မှာ ခေါင်းဆောင်မှုဆိုင်ရာရွေးကောက်ပွဲကို စောစီးစွာကျင်းပဖို့ အတည်ပြုရမလား ဒါမှမဟုတ် အီရှီဘာအနေနဲ့ ရာထူးမှနုတ်ထွက်မလားတောင်းဆိုမှုတွေ အရှိန်အဟုန်မြင့်လာခဲ့တာပါပဲ။
အီရှီဘာက ပါတီခေါင်းဆောင်အဖြစ်မှလည်း နုတ်ထွက်ပြီးတာနဲ့အတူ LDP ဟာ ပါတီ ဥက္ကဋ္ဌ ရွေးကောက်ပွဲကို အောက်တိုဘာလဆန်းပိုင်းမှာ ကျင်းပဖွယ်ရှိတယ်လို့ သိရပါတယ်။
Ref . Asahi Shimbun
