၄. ၉. ၂၀၂၅
Written by Nyein Kyaw
တရုတ်နိုင်ငံ ဟာပင်းမြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဟေလုံကျင်းပြည်နယ်ပါတီအတွင်းရေးမှူးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဟေလုံကျင်းပြည်နယ် ပါတီအတွင်းရေးမှူးတို့သည် ဒေသစံတော်ချိန် ယနေ့ ညနေ ၆ နာရီတွင် ဟာပင်းမြို့ရှိ Taiyangdao State Guesthouse ၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးပြီးနောက် ဟေလုံကျင်းပြည်နယ်အစိုးရအဖွဲ့မှ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား Taiyangdao State Guesthouse တွင် ညစာ စားပွဲဖြင့် တည်းခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်အလုပ်သဘောခရီးစဉ် ရောက်ရှိနေသည့် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ပေကျင်းမြို့မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဟေလုံကျင်းပြည်နယ်၊ ဟာပင်းမြို့သို့ ရောက်ရှိနေခြင်းဖြစ်သည်။
