၃.၉.၂၀၂၅
Written By Thandar
Teacher ရုပ်ရှင်ဇာတ်ကားကတစ်ဆင့် ပရိသတ်ချစ်ခင်မှုရရှိလာတဲ့ သရုပ်ဆောင် မြယာကတော့ “ဝမ်းတွင်းကဝေ မောင်မိုးဆွေ” ဇာတ်လမ်းတွဲမှာ အောက်လမ်းပညာသည်တွေကို အရမ်းမုန်းတဲ့ ကလျာဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်ထားတယ်လို့ ပြောပါတယ်။
“မြက ဒီဇာတ်လမ်းတွဲမှာ အောက်လမ်းပညာသည်တွေ အရမ်းမုန်းတဲ့ ကလျာဆိုတဲ့ ကာရိုက်တာနေရာက ပါဝင်ထားပါတယ်။ မြရဲ့ မေမေက အောက်လမ်းဆရာတစ်ဦးကြောင့် သေဆုံးခဲ့ရတာမို့ အောက်လမ်းပညာသည်တွေဆို အရမ်းမုန်းခဲ့တယ်။ ဝမ်းတွင်းမှာ ကဝေပညာပါလာတဲ့ ကိုမိုးဆွေဆိုတဲ့သူနဲ့ဆုံတဲ့အခါမှာ နှစ်ဦး ကံကြမ္မာကြောင့် ဆုံဆည်းခဲ့ချိန်မှာဘယ်လိုတွေဖြစ်မလဲဆိုတာလေး စိတ်ဝင်စားစရာလေး ရိုက်ထားတာပါ။ မကြာခင် ထုတ်လွှင့်မှာမို့ မြကို ကြည့်ရှုဝေဖန် ထောက်ပြပေးပါဦးလို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် မြယာက ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲကို ဇာတ်လမ်း မောင်ပိုင်(ပုလဲ)၊ ဇာတ်ညွှန်း လှဝင်း(အေဝမ်း)၊ ဒါရိုက်တာ ထက်ကျော်က သရုပ်ဆောင်တွေဖြစ်တဲ့ ဟင်နရီစံ၊ ဇာတိ၊ မြယာ၊ သံစဉ်ဖြိုးပိုင်၊ အေးသန္တာဗိုလ်၊ မင်းသူ၊ ဇော်ဝင်းနိုင် (မန်း)၊ ဇော်မှိုင်း၊ ရွှေအိုး၊ အေးစန္ဒာချစ်၊ မျိုးမျိုး၊ ဆန္ဒမောင်နဲ့ အနုပညာရှင်ပေါင်းများစွာနဲ့ ရိုက်ကူးထားပါတယ်။
အထက်ဝိဇ္ဇာ၊ အောက်ဝိဇ္ဇာ၊ စုန်း၊ ကဝေ၊ မှော် စတဲ့ ရသမျိုးစုံကို ဂမ္ဘီရဆန်ဆန် စိတ်လှုပ်ရှားဖွယ် အက်ရှင်ဒရမ်မာဇာတ်လမ်းပုံစံ “ဝမ်းတွင်းကဝေမောင်မိုးဆွေ”ဇာတ်လမ်းတွဲကို လာမယ့် စက်တင်ဘာ ၅ ရက်နေ့မှာ ShweStream Application ကနေ ထုတ်လွှင့်ပြသမှာလည်းဖြစ်ပါတယ်။
#HenrySan #MyaYar #AyeThandar Bo
#ဂမ္ဘီရဆန်တဲ့သဘာဝလွန် #ShweStream #ဝမ်းတွင်းကဝေမောင်မိုးဆွေ



